မင်္ဂလာပါနော်။ လက်မောင်းတွဲကျနေလို့ စိတ်ညစ်နေသူတွေအတွက် လက်မောင်းသားတွေ တင်းတင်းရင်းရင်းဖြစ်စေနိုင်မယ့် နည်းလမ်းကောင်းကိုမျှဝေပေးချင်ပါတယ်။

နည်းလမ်း ၁

ခုံ (သို့) အရာဝတ္တုတစ်ခုကို နောက်မှာခံထားပါ။ ပြီးရင် လက်နှစ်ဖက်ကို နောက်ပြန်ဖိထားပြီး အခုပုံမှာပြထားတဲ့အတိုင်း မတ်ထားပါ။ ပြီးရင် ခန္တာကိုယ်အောက်ပိုင်းကိုအောက်ချ လိုက်ကိုကွေးလိုက်ပါ။ ၉၀ ဒီဂရီလောက် ကွေးရမြှဖြစ်ပါတယ်။ ပြီးရင် ပြန်မတ်ပါ။ ၁၀ ခေါက်လောက်လုပ်ပေးပါ။

နည်းလမ်း (၂)

ဒိုက်ထိုးပေးရမှာပါ။ သိပ်တော့မလွယ်ကူပါဘူးနော်။ ပုခုံးကိုတန်းတန်းထားပြီး တဒေါင်ဆစ်ကိုပဲ ကွေးကာ ထိုးပေးပါ။ အောက်ပိုင်းကိုတော့ မလုပ်ရပါဘူး။ ၅ ကြိမ်ကနေ ၁၀ ကြိမ်ထိလုပ်ပေးပါ။

နည်းလမ်း (၃)

ဝိတ်တုံးအသေး (သို့) ရေသန့်ဘူး ၁ လီတာဘူးကို ရေအပြည့်ထည့်ပါ။ ပြီးရင်လက်နှစ်ဖက်နဲ့ကိုင်ပြီး တဒေါင်ဆစ်ကို ကွေး ခါးကို ကိုင်းထားပါ။ ပြီးရင် လက်မောင်းကို အနောက်ဖက်ဆန့်ပါ။ ပြီးရင် ပြန်ကွေးပါ။ လက်မောင်းသားကိုပဲ အဓိကအားစိုက်ထားပါ။ ၅ ကြိမ်ကနေ ၁၀ ကြိမ်ထိလုပ်ပေးပါ။

နည်းလမ်း (၄)

ဝိတ်တုံးအသေးကို အသုံးပြုပါ။ ကိုယ်ကိုမတ်မတ်ထားပြီး လက်ကိုတန်းတန်းဆန့်လိုက်ပါ။ ပြီးရင် တဒေါင်ဆစ်ကနေ လက်ကိုနောက်ပြန်ကွေးပါ။ ပြီးရင်ပြန်မတ်ပါ။ လက်မောင်းသားကိုဂရုစိုက်ပါ။ ၁၀ ကြိမ်လုပ်ပေးပါ။

နည်းလမ်း (၅)

ဝိတ်တုံးအရှည်အသေးကို မပါ။ ခန္ဓာကိုယ်ကို အရှေ့ဖက်ကိုကိုင်းထားပြီး လက်မောင်းသားကိုပဲ အာရုံစိုက်ကာ လုပ်ပေးရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကိုအရှေ့ကို ဝိတ်တုန်းကို တည့်တည့်ထားပြီးရင် လက်မောင်းကိုပဲအားပြုကာ မပေးပါ။