မင်္ဂလာပါ ပျိုမေတို့ရေ။ လေ့ကျင့်ခန်းသုံးမျိုးလောက်ကို အချိန်ပေးပြီး ပြုလုပ်ပေးရုံနဲ့ Model တွေလို ခြေတံရှည်ရှည်လေးပိုင်ဆိုင်နိုင်မယ်ဆိုရင် စိတ်ဝင်စားကြလား။ စိတ်ဝင်စားတဲ့ပျိုမေတို့အတွက် ဒီတစ်ခေါက်မှာ ၁၅ မိနစ်လောက်လုပ်ပေးရုံနဲ့ ခြေတံလေးရှည်ထွက်ပြီး သွယ်လျစေမယ့် အရမ်းထိရောက်တဲ့ လေ့ကျင့်ခန်း ၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ နေ့တိုင်းပုံမှန်လေးလုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်းသိသာတဲ့ ရလဒ်ကိုတွေ့ရမှာပါနော်။

လေ့ကျင့်ခန်း ၁

  • ပထမဆုံး လက်နဲ့ဒူးကိုအားပြုကာ ထောက်ထားပါ။
  • ပြီးနောက် ခြေထောက်တစ်ဖက်ကို တန်းနေအောင်ဆန့်ထုတ်ပြီး ဟိုဘက်ဒီဘက်လွှဲပေးရမှာဖြစ်ပါတယ်။ သက်တန့်တစ်စင်းဆွဲနေသလို လွှဲပေးပါ။
  • ခန္ဓာကိုယ်အပေါ်ပိုင်းကို အောက်ပိုင်းနဲ့အတူမယိမ်းရအောင် ထိန်းထားဖို့လိုပါတယ်။
  • ခြေထောက်တစ်ဖက်ဆီ ၁၀ ကြိမ် သုံးကြော့လောက်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

  • ဒီလေ့ကျင့်ခန်းအတွက် ခန္ဓာကိုယ်ကိုဟန်ချက်ညီနေအောင် ထိန်းပေးဖို့လိုပါတယ်။
  • ခြေထောက်တစ်ဖက်နဲ့ မတ်တပ်ရပ်နိုင်အောင်ထိန်းကာ ကျန်တစ်ဖက်ကို တန်းနေအောင် နောက်ပြန် မြှောက်ပေးရမှာဖြစ်ပါတယ်။ မြှောက်လိုက်ပြန်ချလိုက် ဟန်ချက်ညီညီလုပ်ပေးပါ။
  • သူ့ကိုလည်း ခြေထောက်တစ်ဖက်စီအတွက် ၁၀ကြိမ်စီနဲ့ သုံးကြော့ရအောင်လုပ်ပေးပါ။ အလေးတုံးမ ပြီးလုပ်နိုင်သလို အလေးမပါဘဲနဲ့လည်း လုပ်လို့ရပါတယ်။

လေ့ကျင့်ခန်း ၃

  • Somo Squat လို့ခေါ်တဲ့ Squat လေ့ကျင့်ခန်းတစ်မျိုးလုပ်ပေးရမှာပါ။
  • ပုံမှန် Squat ထိုင်တာထက် ခြေထောက်တွေ အနည်းငယ်ပိုကားပြီး ထိုင်လိုက် ထလိုက်လုပ်ပေးရမှာဖြစ်ပါတယ်။
    တစ်ခါလုပ်ရင် ၁၅ ကြိမ်နဲ့ သုံးကြော့အထိရအောင်လုပ်ပေးပါ။ သူ့ကိုလည်း အလေးနဲ့ဖြစ်စေ၊ မပါဘဲဖြစ်စေပြုလုပ်
  • နိုင်ပါတယ်။


ဒါတွေကတော့ ပျိုမေတို့အတွက် ခြေတံရှည်စေမယ့် အထိရောက်ဆုံးလေ့ကျင့်ခန်းတွေပါ။ ပိုပြီးသိသာတဲ့ရလဒ်အတွက် ဒီလိုလေ့ကျင့်ခန်းတွေလုပ်ပြီးတိုင်း လှုပ်လှုပ်ရှားရှားလေးနေပေးဖို့လည်း မမေ့ပါနဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar