အလှအပနဲ့ အသားအရေဆိုတာက အမြဲဒွန်တွဲနေတဲ့ အရာတွေဖြစ်ပါတယ်။ အသားအရေကိုအမြဲထိန်းသိမ်းသူတွေအတွက် Skin Care ကတော့မဖြစ်နေပြုလုပ်ကြပါတယ်။ Skin Care ဆိုတာကလည်း ရေရှည်အသုံးပြုရတဲ့အရာမျိုးဖြစ်ပါတယ်။ Skin Care အသုံးပြုတိုင်းလည်း အသားအရေကချက်ချင်းကြီး ကောင်းမွန်သွားတာမျိုးတော့ မဟုတ်ပါဘူးနော်။ ကိုယ်နေတဲ့ Lifestyle နဲ့အစားအသောက်တွေအပေါ်မူတည်ပြီးတော့လည်း  ပြောင်းလဲတတ်ပါတယ်။ ကိုယ့်အနေနဲ့ Skin Care Step တွေအများကြီးမသုံးပဲနဲ့ အသားအရေလေးကို ကြည်ကြည်လင်လင်လေးနဲ့ဖြစ်စေချင်တယ်ဆိုရင် အခုပြောပြတဲ့ နည်းလမ်းလေးတွေကတော့ အသုံးဝင်မယ်ထင်ပါတယ်။

ရေပိုသောက်ပေးပါ

ရေများများသောက်ခြင်းက ဆီးသွားခြင်းကိုအားပေးစေနိုင်သလို ခန္ဓာကိုယ်အတွက်အဆီပိုများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာရေဓာတ်က 95% လိုအပ်တဲ့အတွက် ရေကိုထင်သတ်မှတ်ထားတဲ့အတိုင်းအတာထိမသောက်ရင် ရေဓာတ်ခမ်းခြောက်လာနိုင်ပြီး အသားခြောက်တာတွေ၊ အသားအက်တာမျိုးတွေဖြစ်တတ်ပါတယ်။ အပြင်ကနေ ရေဓာတ်ဖြည့်ပေးတယ်ဆိုတဲ့ Moisturizer လိမ်းနေလို့မရပါဘူး။ အတွင်းထဲကလည်း ရေဓာတ်ပြည့်ဝနေမှာ နှုတ်ခမ်းခြောက်တာတို့၊ ဆံပင်ကျွတ်တာတို့မှလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့ခြင်း 

ကိုယ်က နေပူထဲခဏခဏထွက်နေရတယ်၊ နေရောင်အောက်မှာပဲအလုပ်လုပ်နေရတယ်သူဆိုရင် ကိုယ့်ခန္ဓာကိုယ်ကို ကာကွယ်ပေးမဲ့အရာတွေနဲ့အလုပ်လုပ်သင့်ပါတယ်။နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဖြစ်တဲ့ UVB UVA တို့ကအသားအရေကိုပျက်စီးစေနိုင်ပါတယ်။ အပြင်ထွက်တိုင်းလည်း Sunscreen လိမ်းဖို့မမေ့ပါနဲ့နော်။ နေရောင်ခြည်က အရွယ်မတိုင်ခင် အိုင်မင်းရင့်ရော်ခြင်းကိုလည်း ဖြစ်စေနိုင်တဲ့အတွက် ဖြစ်နိုင်ရင် နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကို ရှောင်ပေးပါနော်။

စိတ်ဖိစီးမှုမဖြစ်အောင်နေပါ

စိတ်ဖိစီးမှုကလည်း အသားအရေကို အိုမင်းရင့်ရော်စေနိုင်ပါတယ်။ စိုးရိမ်စိတ်တွေဖြစ်လာတိုင် အသားအရေတွေက နီးမြန်းတတ်လာတတ်ပါတယ်။ Anxiety တွေဖြစ်တာများလာရင် ခန္ဓာကိုယ်မှာ Cortisol တွေထွက်လာတတ်ပါတယ်။ Cortisol များလာခြင်းကြောင့် မျက်နှာအသားအရေက အဆီပြန်လာတတ်ပြီး ဝက်ခြံတွေထွက်လာနိုင်ပါတယ်။

Makeup Brush များမကြာခဏသန့်ရှင်းပေးခြင်း 

နေ့စဥ်အသုံးပြုနေတဲ့ Makeup Brush  တွေကမျက်နှာပေါ်ကို ပိုးမွှားတွေကတိုက်ရိုက်ရောက်နိုင်တဲ့  ပေါင်းကူးတံတားလေးတစ်ခုဖြစ်ပါတယ်။ကိုယ့်မျက်နှာကဘာကြောင့်မှန်းမသိယားနေတယ်၊ Allergy တွေထနေတယ်ဆိုရင် သင့်ရဲ့အနီးကပ်ဆုံးရန်သူဖြစ်တဲ့ Makeup Brush တွေကြောင့်ပါနော်။ Makeup Brush တွေကိုနှစ်ပတ်ကို တစ်ခါလောက်တော့ဆေးပေးသင့်ပါတယ်။
Photo Source – Free.pik