မျက်လုံးကြီးကြီးဝိုင်းဝိုင်းလေးတွေဖြစ်တာမျိုးကို ကြိုက်တဲ့သူတွေအတွက် big eyes ပုံစံလေးနဲ့ တောက်ပတဲ့ မျက်ဝန်းတစ်စုံကိုရရှိစေမယ့် eye makeup ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

မျက်ကပ်မှန်

Big eyes look လေးလိုချင်ရင်တော့ မျက်ကပ်မှန်တပ်မှရပါမယ်။ မျက်ကပ်မှန်တပ်မှ မျက်လုံးဝပိုတောက်ပပြီး ပေါ်လွင်နေမှာ၊ ပြင်ရတာလည်း ပိုလှမှာပါ။

မျက်ခုံးမွှေး

မျက်ခုံးမွှေးကို ကိုယ့်ဆံပင်အရောင်နဲ့လိုက်နဲ့အရောင် ရွေးသုံးပါ။ မျက်ခုံးမွှေးကို သေချာဆွဲပေးမှ မျက်လုံးအလှက ပိုပေါ်လွင်စေပါတယ်။

Eyeshadow

ပုံမှာအဖြူလေးနဲ့ပြထားတဲ့နေရာလေးမှာ light brown eyeshadow colour လေးခြယ်ပေးပါ။ အရှေ့မျက်ရစ်နားတွေအထိ မခြယ်ပါနဲ့။ ဒီလိုလေးချယ်တာက မျက်လုံးအိမ်ပိုကျယ်သလို ဖြစ်သွားစေပါတယ်။

Undereye Lining

ပုံမှာအဖြူလေးနဲ့ပြထားတဲ့နေရာမှာ ခုနက brown eyeshadow colour (သို့) eyeliner နဲ့ ဖြည့်ပေးပါ။ အတွင်းနားလေးကို ဖြည့်ပေးရမှာဖြစ်ပါတယ်။ ဒါဆို မျက်လုံးဝိုင်းပြီး ကျယ်သလိုလေး ဖြစ်သွားမှာပါ။

Eyeliner

Eyeliner ကို မျှင်မျှင်လေးဆွဲပြီး ဘေးဘက်မှာတော့ ပုံမှာပြထားတဲ့အတိုင်း small wing လေးဆွဲပေးပါ။ ဒါက မျက်လုံးပိုကျယ်သလို၊ ပြူးသလို ဖြစ်စေပါတယ်။

Contouring

ပုံမှာအဖြူလေးနဲ့ပြထားတဲ့နေရာမှာ highlighter အဖြူ (သို့) shimmer eyeshadow အဖြူလေးကို ဖြည့်ခြယ်ပေးပါ။ ပုံမှာအမဲနဲ့ပြထားတဲ့နေရာမှာတော့ dark shadow လေးဖြည့်ပေးရုံပါပဲ။

Mascara

နောက်ဆုံးမှာတော့ mascara နဲ့ အပေါ်မျက်တောင်၊ အောက်မျက်တောင် ကော့ပေးပါ။ မျက်တောင်လေးတွေကို သေချာကော့ပေးမှ မျက်လုံးအိမ်ပိုကျယ်ပြီး ဝိုင်းစက်နေသလိုလေး ဖြစ်သွားမှာပါ။

ဒီလောက်ဆိုရင်တော့ big eyes ပုံစံလေးနဲ့ တောက်ပတဲ့မျက်ဝန်းတစ်စုံကို ရရှိသွားပါပြီ။