လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ နေ့စဉ်ပုံမှန် ဇွဲရှိရှိဖြင့် ပြုလုပ်ရတဲ့အရာတစ်ခုပါ။ အထူးသဖြင့် ဝိတ်ချချင်ပြီး ကြွက်သားထွက်ချင်တဲ့ သူများအတွက် မဖြစ်မနေ လေ့ကျင့်ခန်းပြုလုပ်ပေးရပါမယ်။

သင့်အနေနဲ့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း (၆) မျိုးကို နေ့စဉ်မှန်မှန်ပြုလုပ်ပေးပါက ၂၁ ရက်အတွင်းမှာ သိသာထင်ရှားတဲ့ ရလဒ်ကို မြင်တွေ့ရပါလိမ့်မယ်။

လေ့ကျင့်ခန်း (၁)

ပုံပါအတိုင်း လှဲလျောင်းနေပါ။ လက်နှစ်ဖက်က ဘောလုံးကို ကိုင်ထားပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ကြွပါ။ တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်း ကြွပေးလိုက်ပါ။ ခြေထောက်ရဲ့ညိုသကြီးနှင့် ဘောလုံးကို ထိကပ်ပေးလိုက်ပါ။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ရှိအဆီပိုများကို ဖယ်ရှားပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

ကြမ်းပြင်ပေါ်တွင် ဝမ်းလျားမှောက်နေပါ။ လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ကားထားကာ မြှောက်ထားပါ။ ထို့နောက် အရှေ့ဘက်သို့ ဖြည်းဖြည်းချင်း တွန်းပို့ပါ။

လေ့ကျင့်ခန်း (၃)

သင်က အခုမှလေ့ကျင့်ခန်းစလုပ်မယ့်သူဆိုရင်တော့ ဒီလေ့ကျင့်ခန်းက သင့်တော်ပါတယ်။ ခြေထောက်တစ်ဖက်ချင်းစီ ပြုလုပ်ရပါမယ်။ သင့်အနေနဲ့ တဖြည်းဖြည်းကျွမ်းကျင်လာပါက ခြေထောက်နှစ်ဖက်စလုံးကို ပြိုင်တူမြှောက်ရပါလိမ့်မယ်။

လေ့ကျင့်ခန်း (၄)

အရင်ဦးဆုံး ဗွီ ဇောက်ထိုးပုံသဏ္ဍာန် နေပါ။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်ဆီသို့ တဖြည်းဖြည်းချင်း နိမ့်ချလိုက်ပါ။

လေ့ကျင့်ခန်း (၅)

ခါးကို အနည်းငယ် စောင်းထားပြီးနောက် ဒူးအနည်းငယ်ကွေးကာ ဘယ် ညာ တစ်လှည့်စီ ခုန်ရပါမယ်။

လေ့ကျင့်ခန်း (၆)

ဒီလေ့ကျင့်ခန်းကတော့ အလေးတုံး ၂ တုံး အသုံးပြုကာ ပြုလုပ်ရမှာဖြစ်ပါတယ်။ အလေးတုံးမရှိပါက ရေဘူး ဘူးကြီးနှစ်ဘူးဖြင့် ပြုလုပ်နိုင်ပါတယ်။ တံတောင်ကို ဖြည်းဖြည်းချင်းကွေးပြီး အလေးတုံးကို အပေါ်သို့ ဆွဲမလိုက်ပါ။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများကို စုစုပေါင်း အကြိမ်ရေ ၁၂ ကြိမ် ၄ ခါ (သို့) ၁၅ ကြိမ် ၃ ခါ စီ ပြုလုပ်ရပါမယ်။ လေ့ကျင့်ခန်းမပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းပြုလုပ်ပေးဖို့နဲ့ လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ အကြောလျော့လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ကိုလည်း မမေ့ပါနဲ့။