တေးဂီတ၊ ဖက်ရှင်၊ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ ရိုးရာ စသဖြင့် မြန်မာနိုင်ငံမှာ လူကြိုက်များလှတဲ့ နိုင်ငံတွေထဲမှာ အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံကလည်း တစ်ခုအပါအဝင်ပါပဲ။

ထိုင်းအစားအစာတွေကို အစားအသောက်ကြိုက်သူအများစု ကြိုက်နှစ်သက်ကြသလိုပဲ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ကြည့်လေ့ရှိသူတွေအဖို့တော့ ထိုင်းနိုင်ငံက နာမည်ကြီးမင်းသားမင်းသမီးတွေကို မသိကြတာ တော်တော်နည်းပါတယ်။

ကိုရီးယားနိုင်ငံလိုမဟုတ်ဘဲ ထိုင်းနိုင်ငံက အနုပညာရှင်တွေကတော့ စတွဲပြီဆိုကတည်းက လူသိရှင်ကြားကြေညာကြတာများပါတယ်။ ပရိတ်သတ်တွေကလည်း နှောင့်ယှက်ခြင်းမျိုးတွေ၊ ကဲ့ရဲ့ခြင်းမျိုးတွေမရှိတာကြောင့် ကိုယ့်ရဲ့အချစ်စစ်ကို စိတ်အေးလက်အေးရှာယူနိုင်ကြတာလည်းဖြစ်ပါတယ်။

အခုတစ်ခါ MyStyle Myanmar ရဲ့ အနုပညာရှင်ကဏ္ဍကနေပြီး ဖော်ပြပေးချင်တာကတော့ အောင်မြင်မှုတွေရရှိထားတဲ့ကြားကနေ ကိုယ်ချစ်ရသူနဲ့ ခိုင်မြဲစွာလက်တွဲရင်း တအိုးတအိမ်ထူထောင်သွားကြပြီဖြစ်တဲ့ ထိုင်းမင်းသမီးချောတို့ရဲ့ မင်္ဂလာဆောင်တွေတုန်းက ကြည်နူးစရာပုံရိပ်လေးတွေပဲဖြစ်ပါတယ်။

Jooy Warattaya Nilkuha

Nittha Jirayungyurn

Chompoo Araya

Margie Rasri

Noey Chotika

Image Credits to owners

By MyStyle Myanmar