သင့်အာရုံစိုက်အားကို ပိုတိုးလာဖို့ လုပ်နိုင်တဲ့ နည်းလမ်းတွေ အများအပြားရှိပါတယ်။ Social Media ပေါ်မှာ ဗဟုသုတ အသစ်တွေ၊ မိတ်ဆွေအသစ်တွေ ရှာနိုင်သလို၊ ကိုယ်ချစ်တဲ့သူတွေနဲ့လည်း ဆက်သွယ်နိုင်တာကြောင့် Social Media က အင်မတန် အသုံးဝင်တဲ့ အရာဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းတာ ရှိသလို မကောင်းတာလည်း ရှိပါတယ်။ မကောင်းတာထဲက တစ်ခုကတော့ သင့်သည်းခံနိုင်စွမ်းဟာ Social Media ပေါ်က Post တစ်ခုကြောင့်၊ ဗီဒီယိုတစ်ခုကြောင့်နဲ့ လျော့ကျသွားစေခြင်းပါ။ ဒီလိုပဲ ကိုယ့် အာရုံစိုက်အားကိုလည်း Social Media က အနှောင့်အယှက် ပေးနေတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပြီး Concentration တက်လာစေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ အနှောင့်အယှက်တွေကို ရှင်းလင်းပါ

ဒါက ပြောတာသာ လွယ်တာပါ။ လုပ်တာကတော့ ခက်ခဲတတ်ပါတယ်။ သင့်ဖုန်းကို အလုပ်လုပ်နေတုန်း မကိုင်တာ၊ Social Media ပေါ်မှာ အချိန်မကုန်မိစေဖို့ သတိထားတာ စတာတွေကို လုပ်ကြည့်သင့်ပါတယ်။ Instagram, Facebook က ခဏတာမှာ သင့်ကို စိတ်ပျော်ရွှင်မှု ပေးနိုင်ပေမယ့် တချို့အကြောင်းအရာတွေကတော့ သင့်ပျော်ရွှင်မှုကို ကျဆင်းစေနိုင်ပါတယ်။ တစ်နေ့မှာ တစ်မိနစ်ပဲ ကြည့်ရင်တောင် မိနစ်တွေပေါင်းရင် နာရီဖြစ်သွားတတ်တာကြောင့် သင့်ဘေးက အနှောင့်အယှက်တွေကို ဖယ်ရှားသင့်ပါတယ်။

၂။ ကိုယ့်ကို နှောင့်ယှက်နေတဲ့ အရာတွေကို စာရင်းချရေးပါ

သင် အလုပ်လုပ်နေတဲ့အချိန် သင့်ခေါင်းထဲကို အကြောင်းအရာအမျိုးမျိုး ဝင်လာတတ်ပြီး နှောင့်ယှက်တတ်ပါတယ်။ ဒီလို အတွေးမျိုးစုံ ဝင်လာတာနဲ့ ဝင်လာသမျှကို ချရေးသင့်ပါတယ်။ ဒီလိုဆိုရင် ဒီအတွေးတွေအပေါ် တွေးရာရောက်ပြီး အမှန်တကယ် သင်မလုပ်မိတော့ပါဘူး။

၃။ အနားယူပါ

အချိန်ဆွဲပြီး အနားယူတာမျိုး မဟုတ်ဘဲ နှစ်နာရီ သုံးနာရီ ဝန်းကျင် အလုပ်လုပ်ပြီးရင် နာရီဝက်ခန့် အနားယူပေးသင့်ပါတယ်။ သင်က ဒီလို အနားယူပြီးရင် အလုပ်ပြန်လုပ်ဖို့ စိတ်တက်ကြွလာနိုင်ပါတယ်။ ဒီနည်းလမ်းက တစ်နေ့လုံး အလုပ်မှာပဲ အာရုံနစ်နေတာထက် ပိုထိရောက်ပါတယ်။

၄။ တရားထိုင်ပါ

ရိုးရိုးရှင်းရှင်း တရားထိုင်တာလေးက သင့် အာရုံစိုက်အားကို တက်စေနိုင်ပါတယ်။ အလုပ် စမလုပ်ခင် မနက်ပိုင်းမှာ ငါး မိနစ် အချိန်ပေးပြီး မျက်လုံးမှိတ်ကာ စိတ်ကို ဝင်လေထွက်လေမှာ အာရုံစိုက်ထားသင့်ပါတယ်။ သင်က တရားထိုင်ပြီးရင် သင့်စိတ် ဘယ်လောက်ထိ အေးချမ်းသွားလဲ သတိထားမိပါလိမ့်မယ်။

၅။ လက်ဖက်စိမ်းရည်

ကော်ဖီက သင့်ကို လန်းဆန်းစေနိုင်ပေမယ့် သင့်ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ အလုပ်လုပ်ရင်း မောဟိုက်လာတာမျိုး မဖြစ်ရအောင် ကော်ဖီအစား လက်ဖက်စိမ်းရည်ကို ပြောင်းသောက်သင့်ပါတယ်။ Matcha အရွက်က သင့်စိတ်ကို တည်ငြိမ်စေနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar