ကိုယ် သဘောကျရတဲ့ Crush နဲ့ သူငယ်ချင်းဖြစ်နိုင်ဖို့က မလွယ်တဲ့ ကိစ္စ တစ်ခုပါ။ သူငယ်ချင်း ဖြစ်ခဲ့ရင်တောင် Friend Zone ထဲ ဝင်နေဦးမှာပါ။ တစ်ခါတလေ မိန်းကလေးတွေက ကိုယ့်နာမည်ကိုတောင် သေချာမသိတဲ့ ကောင်လေးတွေကိုမှ ရွေး Crush တတ်ပါသေးတယ်။ သင်က ရှက်တတ်လွန်းတာကြောင့် Crush ကို ဘယ်လို ချဉ်းကပ်ရမလဲ သိချင်မှာပါ။ ဒီတစ်ခေါက်မှာတော့ ရှက်တတ်ရင်တောင် သူ့ဆီက အာရုံစိုက်ခံရဖို့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ သူ Account ကို Add ပါ

သူ့ Account ကို ရှာပြီး Add ဖို့ မရှက်သင့်ပါဘူး။ စူးစမ်းတတ်တဲ့ ကောင်လေး တစ်ယောက်ဆိုရင် သင်က ဘယ်သူလဲ၊ သင်နဲ့ သူငယ်ချင်းတွေလား၊ သင့်အကြောင်း သိရဖို့ သင့် Wall ထဲတောင် ဝင်ကြည့်နိုင်ပါတယ်။ သင် ဒီလောကကြီးမှာ ရှိကြောင်း သူက Account လက်ခံတဲ့အခါ သိသွားပါလိမ့်မယ်။

၂။ သင့်ဝတ်စားပုံနဲ့ ဆွဲဆောင်ပါ

သင်က သူ့ကို မိတ်ဖွဲ့စကားပြောတာ၊ စကားပြောရမှာတွေ မလုပ်ရဲရင် သင့်ပုံစံကို အလှဆုံး ဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။ သင်က သာမန် မိန်းကလေးတွေနဲ့ မတူကြောင်း သူ့ရှေ့ ပြသင့်ပါတယ်။ သင်နှစ်သက်တဲ့ စတိုင်တစ်မျိုးကို ယုံကြည်မှု ရှိရှိ ဝတ်ပြီး သင်က ထူးခြားကြောင်း သူသိလာအောင် ပြသင့်ပါတယ်။

၃။ သူရှိတဲ့နေရာတွေကို သွားပါ

သင့်မျက်နှာကို သူက ခဏခဏ သတိထားမိလေလေ သင့်ကို သဘောကျလာဖို့ အခွင့်အရေး များလေပါပဲ။ ဒါကြောင့် သူ ဘယ်အသင်းတွေ ဝင်ထားလဲ၊ ဘယ်တွေ သွားလေ့ရှိလဲ စုံစမ်းသင့်ပါတယ်။ စုံစမ်းပြီးနောက် သင်က ဒီနေရာတွေဆီ သွားပေးသင့်ပါတယ်။

၄။ သူ့ကို ပြုံးပြပါ

ဒါက ရှက်တတ်သူတွေ အတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ သူနဲ့ မျက်မှန်းတန်းမိတာနဲ့ သင့်ဘက်က စပြုံးပြသင့်ပါတယ်။ ယောက်ျားလေးတွေက မိန်းကလေးတွေရဲ့ အပြုံးကို ကြွေတတ်ပါတယ်။ သင်က ဒါကို သူမြင်အောင် ပြသင့်ပါတယ်။

၅။ သူ့ကို နှုတ်ဆက်ပါ

ရှက်တတ်တဲ့ ပျိုမေတို့ မလုပ်ချင်တဲ့ အရာကို လုပ်ရမှာပါ။ ဒါကတော့ သူ့ဆီ လမ်းလျှောက်သွားကာ သူ့ကို နှုတ်ဆက်တာပါ။ သင်က သူ့ကို ဒီလို နှုတ်ဆက်ပြီးနောက် မေးခွန်းလေးတွေ မေးသင့်ပါတယ်။ သူ့နယ်ပယ်နဲ့ ဆိုင်တဲ့ မေးခွန်းတွေဆို ပိုအဆင်ပြေပါတယ်။

၆။ သင့်သူငယ်ချင်းတွေကို ပြောခိုင်းပါ

သင့် သူငယ်ချင်းတွေထဲမှာ သင့် Crush နဲ့ ရင်းနှီးသူတွေ ရှိရင် သင်ကံကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သင့် သူငယ်ချင်းကနေ တဆင့် သင့်အကြောင်းကို ပြောခိုင်းနိုင်လို့ပါ။ သင်ကြိုက်နေတာကိုတော့ တိုက်ရိုက်ကြီး မပြောခ်ိုင်းဖို့ လိုပါတယ်။

၇။ ယုံကြည်မှုရှိရှိနေပါ

သူ့ရှေ့ရောက်ရင် ရှက်ပြာပြာ ဖြစ်မနေဘဲ ယုံကြည်မှု ရှိရှိ နေသင့်ပါတယ်။ သူနဲ့ မျက်လုံးချင်း ဆုံရဲအောင် ကြိုးစားသင့်ပါတယ်။

၈။ Mutual Friend

သူ့သူငယ်ချင်း ကတဆင့် သင်က သိနေတာမျိုး ကြိုးစားသင့်ပါတယ်။ သူငယ်ချင်း တဆင့်ခံ အနေနဲ့ သင် သူနဲ့ ရင်းနှီးသွားနိုင်ပါတယ်။ အပြင်သွားရင်လည်း အတူတူ သွားနိုင်ပါတယ်။

၉။ သူ့ဟာသတွေကို ရယ်မောပါ

သင်က သူ့ကို သဘောကျတယ်ဆိုရင် သူဟာသ ပြောတဲ့အချိန် ရယ်တတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar