မင်္ဂလာပါ ပျိုမေလေးတို့ရေ… ပြတ်တုန်း လပ်တုန်း နှစ်ဆယ့်သုံးဖြစ်နေတဲ့အချိန်မှာ အလှကုန်ပစ္စည်းတွေကလည်း ကုန်ခါနီးဖြစ်နေလို့ စိတ်ညစ်နေပါသလား။

အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို သိထားမယ်ဆိုရင်တော့ အကပ်အသတ်ပဲ ကျန်တဲ့အလှကုန်ပစ္စည်းတွေကို မျက်လှည့်ပြသလို အချိန်အကြာကြီး အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

မိတ်ကပ်ဖောင်ဒေးရှင်းက ကုန်ခါနီးဖြစ်နေပြီဆိုရင်

မျက်နှာလိမ်းတဲ့ Moisturizer အနည်းငယ်ကို ဖောင်ဒေးရှင်းပုလင်းထဲ ထည့်လိုက်ပါ။ ထို့နောက် ပုလင်းကို လှုပ်ခါပေးလိုက်ပါ။ ဒါဆိုရင်တော့ ၁၅ ရက်၊ ရက် ၂၀ စာလောက် အသုံးခံတဲ့ ဖောင်ဒေးရှင်းတစ်ဘူး ရသွားပါလိမ့်မယ်။ ဒီနည်းလမ်းက ပြတ်တုန်း၊ လပ်တုန်း ၂၃ မှာမှ မိတ်ကပ်ပစ္စည်းတွေ ကုန်သွားတတ်တဲ့ ပျိုမေလေးတွေအတွက် အသုံးတည့်ပါလိမ့်မယ်။

မျက်နှာသစ်ဆေးနဲ့ အခြားသော ပလပ်စတစ်ဘူးအလှကုန်များ ကုန်သွားပြီဆိုရင်တော့

ထိုပလပ်စတစ်ဘူးကို ကတ်ကြေးဖြင့် ညှပ်လိုက်ပါ။ ဘူးအခွံမှာ အများကြီးကပ်ကျန်နေတဲ့ အနှစ်တွေကို တွေ့ရပါလိမ့်မယ်။ ထိုအနှစ်များကို ဂွမ်းကြပ်တံဖြင့် ကလော်ပြီးနောက် ဘူးအလွတ်တစ်လုံးထဲ ထည့်ထားလိုက်ပါ။ ထိုဘူးထဲကအနှစ်များ ကုန်သည်အထိ အသုံးပြုမယ်ဆိုရင် အလဟဿမဖြစ်တော့ဘူးပေါ့။

မာစကာရာဘူး ခြောက်ကပ်ကပ်ကြီး ဖြစ်နေတယ်ဆိုရင်

ထိုဘူးကို ရေနွေးနွေးထည့်ထားသော ဖန်ခွက်ထဲ စိမ်ထားလိုက်ပါ။ ရေနွေး အေးသွားသည်အထိ စိမ်ပြီးတဲ့နောက်မှာတော့ မူလအတိုင်းပြန်လည်အသုံးပြုနိုင်တဲ့ မာစကာရာတစ်ဘူး ရသွားပါလိမ့်မယ်။

နှုတ်ခမ်းနီတောင့်က ကျိုးသွားတယ်ဆိုရင်

ကျိုးသွားတဲ့ နှုတ်ခမ်းနီတောင့်ကို မီးအပူပေးပြီးနောက် နဂိုနေရာမှာ ပြန်ကပ်ပေးထားလိုက်ပါ။ ဒါဆိုရင်တော့ ပုံစံမပျက်လှပနေတဲ့ နှုတ်ခမ်းနီတစ်တောင့် ပြန်ရသွားပါလိမ့်မယ်။

အိုင်းရှဲဒိုးအမှုန် အကပ်အသပ်များကို လွှင့်မပစ်ဘဲ ဘယ်လိုကုန်အောင် သုံးမလဲ

အိုင်းရှဲဒိုးအမှုန်များကို လက်သည်းနီအကြည်ဘူးထဲ ထည့်ကာ လက်သည်းနီဘူးကို အဖုံးပိတ်ပြီး လှုပ်ခါပေးလိုက်ပါ။ ဒါဆိုရင်တော့ လက်သည်းနီ အသစ်ချပ်ချွတ်တစ်ဘူးကို ရရှိသွားပါလိမ့်မယ်။

Source: Cosmopolitan.com

By MyStyle Myanmar