Concealer ကို အထူးသဖြင့် အမည်းစက်တွေနဲ့ ညိုနေတဲ့နေရာတွေ အပြစ်အနာအဆာတွေကိုဖုံးကွယ်ဖို့ အသုံးပြုကြတာ ပျိုမေတိုင်း သိပြီးသားဖြစ်မှာပါ။ ဒီအလှကုန်ကို အသုံးပြုနည်းက မခက်ပါဘူး။ ဒါပေမဲ့ ကိုယ်နဲ့ သင့်တော်တဲ့ Concealer ကိုရွေးချယ်တတ်ဖို့တော့ လိုအပ်ပါတယ်။ Concealer ခုမှစသုံးမယ့် ပျိုမေတိုင်း အမှားအယွင်းမရှိအသုံးပြုနိုင်ဖို့ သိထားသင့်တဲ့ အချက်လေးတချို့ကို ပြောပြပေးလိုက်ပါတယ်နော်။

၁။ သင်ဖုံးကွယ်ချင်တဲ့နေရာကို အရင်သတ်မှတ်ပါ

သင်က မျက်ကွင်းညိုတာ ဖုံးချင်လို့လား၊ အမည်းစက်ဖုုံးချင်လို့လား ပထမဆုံး သတ်မှတ်ရပါမယ်။ ကိုယ်သတ်မှတ်တဲ့နေရာအလိုက် Concealer တွေက သီးသန့်ရှိတာကြောင့် Concealer တစ်မျိုးထက်မက လိုတာလည်းဖြစ်နိုင်ပါတယ်။

၂။ ဘယ်လို Concealer နဲ့ လိုက်ဖက်လဲ ဆုံးဖြတ်ပါ

Concealer က ပုံစံမျိုးစုံနဲ့လာပါတယ်။ အရည်ပုံစံ၊ Cream ပုံစံအစုံပါပဲ။ ခဲတံပုံစံတွေလည်းရှိပါတယ်။သင့်အသားအရေအမျိုးအစားအလိုက် ဘယ် Concealer သုံးသင့်လဲ ဆုံးဖြတ်ရပါမယ်။ Concealer လို့မြင်တာနဲ့ တန်းမဝယ်လိုက်ပါနဲ့။

၃။ Concealer ဗူးခွံပေါ်ရေးတာကို ဂရုစိုက်ပါ

မဝယ်ခင် ဘယ်လိုအသားအရေအတွက်လဲ၊ ဘယ်အရာကို ဖုံးကွယ်ဖို့လဲ ဗူးခွံပေါ်က စာတွေကို သေချာဖတ်ပေးပါ။ နာမည်ရှိပြီးသား တံဆိပ်တွေထဲက ရွေးဝယ်ပါ။ Make Up ပညာရှင်တွေ ညွှန်းထားတဲ့ Concealer တွေကို စမ်းသုံးကြည့်ပါ။

၄။ မှန်ကန်တဲ့အရောင်ကိုရွေးပါ

ကိုယ့်အသားအရေ အရောင်နဲ့ လိုက်ဖက်တဲ့ Concealer မျိုးကို ရွေးဝယ်သင့်ပါတယ်။

၅။ ပထမဆုံး ဖောင်ဒေးရှင်းအရင်လိမ်းပါ

ဖောင်ဒေးရှင်းလိမ်းပြီးမှ Concealer ကိုသုံးပေးပါ။ နောက်ဆုံးအဆင့်မှ ပေါင်ဒါပုတ်ပေးပါ။

၆။ လေ့ကျင့်ပါ

Concealer ဝယ်ထားပြီး မလိမ်းဘဲ မနေပါနဲ့။ လက်နဲ့လိမ်းရင် အဆင်ပြေလား၊ ဘရပ်ရှ်နဲ့ လိမ်းရင် ပိုအဆင်ပြေလား စမ်းလိမ်းကြည့်ပါ။ တဖြည်းဖြည်းနဲ့ ဘယ်လိုလိမ်းရင် ပိုလှလဲဆိုတာ သိလာပါလိမ့်မယ်။

၇။ ကောင်းကောင်းခြယ်သပါ

Concealer လိမ်းပြီးတာနဲ့ ဖောင်ဒေးရှင်းနဲ့ တစ်သားတည်းဖြစ်အောင် သေချာ လိမ်းပေးပါ။ မညီမညာ မဖြစ်အောင် သတိထားပေးပါ။

Source: Allwomenstalk