အားလုံးပဲမင်္ဂလာပါနော်။ Cotton Pad က တိုနာလိမ်းဖို့တစ်ခုတည်း သုံးလို့ရတာမဟုတ်ပါဘူး။ တခြားနည်းလမ်းတွေအများကြီးနဲ့ အသုံးချလို့ရပါတယ်။

၁။ မျက်နှာပေါင်းတင်မယ်

မျက်နှာပေါင်းတင်တာကုန်သွားရင် Cotton Pad ပေါ်မှာ Moisturizer လိမ်းပေးလိုက်ပြီး သင့်မျက်နှာပေါ်မှာ ကပ်ပေးထားလိုက်ပါ။ ပြီးရင် ခြောက်သွေ့တဲ့ နေရာတွေ လည်ပင်း၊ နဖူး၊ ပါးတွေကို သေချာလေး ပွတ်ပေးလိုက်ပါ။

၂။ မိတ်ကပ်ဖျက်မယ်

Cotton Pad မှာ ရေ (သို့) Cleansing Water လိမ်းပေးလိုက်ပြီး မိတ်ကပ်တွေကို ဖျက်ပေးလို့ရပါတယ်။ ဒါမှဟုတ် အုန်းဆီလိမ်းပေးလိုက်ပြီး ဖျက်ပေးနိုင်ပါတယ်။

၃။ တိုနာဘူးကြီး မသယ်သွားချင်ရင်

တကယ်လို့ တိုနာဘူးက ကြီးပြီး မသယ်ချင်ဘူးဆိုရင် Cotton Pad ကို တိုနာစွပ်ပြီး ဘူး (သို့) အလုံပိတ်ကျွတ်ကျွတ်အိတ်ထဲ ထည့်ထားနိုင်ပါတယ်။ လိုအပ်မှ Cotton Pad ကိုထုတ်ပြီး မျက်နှာတစ်ပြင်လုံး လိမ်းပေးနိုင်ပါတယ်။

၄။ ပေါင်ဒါလိမ်းမယ်

မျက်နှာပေါ်မှာ ပေါင်ဒါလိမ်းတဲ့အခါ Cotton Pad နဲ့ ခပ်ပါးပါးလေး လိမ်းပေးလို့ရပါတယ်။

Source: www.cleo.com.sg