ဗောက်ထခြင်းက ဦးရေပြားပြဿနာတစ်မျိုးဖြစ်ပြီး ဦးရေပြားခြောက်သွေ့ခြင်းမှတဆင့် ဦးရေပြားယားယံခြင်း၊ အဖြူအဖတ်များဖြင့် ဆံပင်အနှံ့ပေပွနေခြင်းစသည်တို့ ကြုံတွေ့ရနိုင်ပါတယ်။ ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေမယ့် ဘယ်လိုမှ မသက်သာဘူးဆိုရင်တော့ ကြက်သွန်ဖြူကိုသာ သတိရလိုက်ပါ။

ကြက်သွန်ဖြူက အသားအရေအတွက်ရော ကျန်းမာရေးအတွက်ပါ ဘက်စုံအသုံးဝင်တဲ့ ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး မှိုရောဂါများကို သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိများ ပိုင်ဆိုင်ထားပါတယ်။

ဗောက်ပြဿနာများအတွက် ကြက်သွန်ဖြူကို ဘယ်လိုအသုံးပြုရမလဲဆိုရင်…

ကြက်သွန်ဖြူအဆီနှင့် သံလွင်ဆီ

Photo: Fodmapeveryday.com

ကြက်သွန်ဖြူဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သံလွင်ဆီ စားပွဲတင်ဇွန်း ၅ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဦးရေပြားနှင့် ဆံကေသာအနှံ့ သုတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ မိနစ် ၂၀ ခန့် ထားထားပြီးမှ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပေးလိုက်ပါ။

ကြက်သွန်ဖြူအဆီနှင့် အုန်းဆီ

Photo: Healthline.com

လိုအပ်မယ့် ပါဝင်ပစ္စည်းများကတော့ ကြက်သွန်ဖြူဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် အုန်းဆီ စားပွဲတင်ဇွန်း ၄ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဆီကို နွေးလာအောင် စက္ကန့်အနည်းငယ်ခန့် အပူပေးပါ။ ပြီးရင်တော့ ဦးရေပြားအနှံ့ ဆံကေသာပေါ်သို့ သုတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ ယားယံလို့ဆိုပြီး ဦးရေပြားကို မကုတ်မိပါစေနဲ့။

မိနစ် ၂၀ ခန့် စောင့်ပြီးတဲ့အခါမှာတော့ ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ချလိုက်လို့ရပါပြီ။

ကြက်သွန်ဖြူနှင့် ဒိန်ချဉ်

ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ဒိန်ချဉ် စားပွဲတင်ဇွန်း ၅ ဇွန်းဖြင့် သအောင် ရောမွှေလိုက်ပါ။ ထို့နောက် ရေအနည်းငယ်ထည့်ကာ သမအောင် ထပ်မွှေပါ။

ပြီးရင်တော့ အုန်းဆီကို ဆံပင်နှင့် ဦးရေပြားအနှံ့ သုတ်လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ ပြီးမှ စောစောက ဒိန်ချဉ်အရောအနှောကို ဆံပင်ပေါ် သုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀၊ ၃၀ ခန့်ကြာမှ ခေါင်းလျှော်ချလိုက်ပါ။

ကြက်သွန်ဖြူနှင့် ရှားစောင်းလက်ပတ်

ကြက်သွန်ဖြူအရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ဦးရေပြားအနှံ့ သုတ်လိမ်းလိုက်ပါ။ ပြီးရင်တော့ Shower Cap လေးဖြင့် ဆံပင်ကို အုပ်ထားကာ မိနစ် ၃၀ ခန့် စောင့်ပါ။ သတ်မှတ်ချိန်ပြည့်မှ ခေါင်းလျှော်ချလိုက်ပါ။

ဒီနည်းလမ်းများထဲမှ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးမျိုးကို အသုံးပြုကာ သင့်ခေါင်းပေါ်မှာ ဆံကေသာအလှကို ဖျက်ဆီးနေတဲ့ ဗောက်များကို ဖယ်ရှားနိုင်ပါတယ်။

Source: Stylecraze.com