သင်က သူငယ်ချင်းတွေနဲ့ ပြန်တွေ့မယ့် အချိန်မှာဖြစ်ဖြစ် ဒါမှမဟုတ် လှလှပပ ဝတ်ဆင်ရမယ့် နေရာတစ်ခုကို သွားရမယ့် အချိန်မှာဖြစ်ဖြစ်၊ စိတ်ဝင်စားတဲ့သူနဲ့ သွားတွေ့တဲ့ အချိန် ဖြစ်ဖြစ် သင့်ဝတ်ဆင်ပုံကို ပိုလှစေချင်မှာပါ။ အခုဖော်ပြထားတဲ့ အကြံပြုချက်တွေက စတိုင်ပိုကျပြီး ပိုလှချင်တဲ့ သင့်အတွက် လက်တွေ့မှာ အသုံးဝင်မှာပါ။

၁။ Accessories တွေကို သုံးတတ်အောင် လေ့ကျင့်ပါ

ရိုးရှင်းတဲ့ သင့်ပုံစံကို တစ်ဆင့် ပိုမိုက်စေဖို့ ကူညီပေးမယ့် ပစ္စည်းကတော့ Accessories ပါ။ အရောင်တူတဲ့ ပိုက်ဆံအိတ်၊ ဖိနပ်၊ ကိုယ်ဝတ်တဲ့ အင်္ကျီနဲ့ လိုက်ဖက်မယ့် နားကပ်၊ ဆွဲကြိုးစတာတွေကို ဆောင်ထားသင့်ပါတယ်။

၂။ Layer

သင်ဝတ်တဲ့ အဝတ်အစားပေါ်ကမှ အပေါ်ထပ် ထပ်ပြီး ဝတ်ပေးလိုက်တဲ့အခါ အရင်ထက် ပိုမိုက်သွားစေပါတယ်။ သင်နှစ်သက်တဲ့ အင်္ကျီပေါ်ကနေ အပြင်ထပ် ပါးပါး ထပ်ပေးတာ၊ Blazer ထပ်ဝတ်တာ၊ ဆွဲကြိုး အရှည်ဝတ်တာ စတဲ့ Layer Idea ကို ထည့်သွင်းသင့်ပါတယ်။

၃။ အရောင်ထည့်ပါ

သင့်အဝတ်ဗီရိုမှာ အင်္ကျီ အရောင် တစ်ရောင်နှစ်ရောင်ပဲ ရှိတယ်ဆိုရင် အရောင် ထပ်ဖြည့်သင့်တဲ့ အချိန်ပါပဲ။ အရောင်တွေကို သင့်ဝတ်စုံထဲ ပေါင်းထည့်လိုက်တဲ့အခါ ပိုထူးခြားသွားစေပြီး အများရဲ့ အာရုံစိုက်တာကို ပိုခံရစေပါတယ်။

၄။ ပြောင်းပြန်လုပ်ပါ

အပေါ်က အချက်လို မဟုတ်ဘဲ ပြောင်းပြန်လည်း ဖန်တီးလို့ ရပါတယ်။ သင့်တစ်ကိုယ်လုံးစာကို အရောင်တစ်ရောင်တည်း ဝတ်လိုက်တဲ့အခါမှာလည်း သင့်ဖက်ရှင်ကို ပိုထူးခြားသွားစေပါတယ်။

၅။ အင်္ကျီအသားအမျိုးမျိုးကို ပေါင်းစပ်ပါ

အပေါ်ရော အောက်ရော အင်္ကျီအသား တူတာမျိုး မဟုတ်ဘဲ ကွဲပြားတဲ့ အင်္ကျီအသားတွေကို ပေါင်းစပ်သင့်ပါတယ်။

၆။ ဒေါက်ဖိနပ်ဝတ်ပါ

ဖိနပ်အမြင့်တွေက သင့်ကို သက်တောင့်သက်သာ မဖြစ်စေပေမယ့် သင့်ဖက်ရှင်ကို ပံ့ပိုးပေးပါတယ်။ ဒေါက်အမြင့်က သင့်ဖက်ရှင်ကို ပြည့်စုံသွားစေသလို ယုံကြည်မှုလည်း ပိုတိုးစေပါလိမ့်မယ်။

Photo source: Pinterest

By MyStyle Myanmar