ငယ်စဥ်ကလေးဘဝဆိုတဲ့အချိန်ကာလဟာ ဘာနဲ့မှလဲလို့မရဘူးဆိုတာကို အသက်ရလာတဲ့အချိန်မှသာ အမြဲသဘောပေါက်တတ်ကြပါတယ်။ ကိုယ့်ရဲ့ကလေးဘဝကို ပြန်လည်တွေးတောမိတိုင်း လုပ်ခဲ့ဖူးတဲ့တချို့အကျင့်လေးတွေ၊ ဆော့ခဲ့ဖူးတဲ့နေရာတွေနဲ့ ပျော်စရာအခိုက်အတန့်လေးတွေကို မှတ်မိနေတာကလည်း ကြည်နူးစရာတစ်ခုပါပဲ။

ပန်ကာအရှေ့မှာ မျက်နှာသွားအပ်ပြီး စက်ရုပ်လိုအသံတွေနဲ့လျှောက်ပြောတာ၊ အရုပ်မတွေရဲ့ ဆံပင်တွေကို ညှပ်ပစ်တာ ဒီလိုလုပ်ရပ်လေးတွေက ကလေးတိုင်းလိုလို လုပ်လေ့ရှိတဲ့အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် နှစ်တွေအများကြီး ကြာမြင့်သွားပြီးနောက် တာဝန်ဝတ္တရားတွေကို သိနားလည်ပြီး လေးနက်တည်ကြည်တဲ့ လူကြီးတွေဖြစ်လာတဲ့အခါမှာတော့ ငယ်ငယ်တုန်းက ဘာစိတ်ကူးနဲ့များ ဒီလိုတွေလုပ်ခဲ့ပါလိမ့် ဆိုပြီး တွေးကိုတွေးမိပါတယ်နော်။

ဒါကြောင့် အခု MyStyle Myanmar ကနေပြီး ကလေးဘဝတုန်းက ကျွန်မတို့အများစု လုပ်ခဲ့ဖူးတဲ့ ဟာသလုပ်ရပ်လေးတွေကို ပြန်လည်အမှတ်ရလာစေဖို့အတွက် ကာတွန်းပုံလေးတွေနဲ့အတူ ဖော်ပြပေးလိုက်ရပါတယ်။

ငယ်ငယ်တုန်းက ဒီလိုလုပ်ခဲ့ဖူးတယ်မလား

မီးပိတ်ခိုင်းလိုက်တာနဲ့ သရဲလိုက်မှာစိုးလို့ ပိတ်ပြီးတန်းပြေးခဲ့ရတာလည်း အခုချိန်ပြန်တွေးကြည့်မယ်ဆို ရှက်စရာကြီးနော်

မြင်လိုက်ရင်ကို မဖောက်ဘဲ မနေနိုင်တာ

အပေါ်ထိတက်လို့ရမရ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် Challenge လုပ်ရတာလည်း ပျော်စရာတစ်မျိုးပါပဲ

80s နဲ့ 90s ဖွားတွေသာ ဒီပုံက ဘာကိုဆိုလိုတာလဲဆိုတာ နားလည််််််နိုင်မှာပါ

ဘောပင်နဲ့ နာရီဆွဲတာက ကလေးတွေကြားထဲမှာ ဖြစ်ရိုးဖြစ်စဥ်တစ်ခုပါပဲ

“အနုပညာလက်ရာ” ဖန်တီးမှု

တပြိုင်နက် အရောင်တွေအကုန်လုံး ဖိလို့ရမရ စမ်းကြည့်ခဲ့ဖူးလား ? ဘယ်တုန်းကမှလည်း မရပါဘူးနော်

များများစားရအောင်ဆိုပြီး ဒီလိုကွတ်ကီးကို နှစ်ခြမ်းခွဲလိုက်ဖူးလား ? ခွဲဖူးတယ်ဆို လက်ဝါးချင်းရိုက်လိုက်ပါဦး 🙌

အရုပ်မရဲ့ဆံပင်တွေကို ငယ်ငယ်တုန်းက ညှပ်ပစ်ဖူးလား ? ညှပ်ပြီးမှ နောင်တရ ရတာလည်း ခဏခဏပါပဲ

အိမ်ပုံ ပန်းချီဆွဲတော့မယ်ဆို နေကို အမြဲတမ်း စာရွက်ထောင့်မှာ ဆွဲလေ့ရှိတယ်မလား

ခဲဖျက်ကို ဘောပင်၊ ခဲတံ၊ ခဲသားဘောပင်တို့နဲ့ အပေါက်တွေဖြစ်အောင် လိုက်ထိုးခဲ့ဖူးတယ်ဆိုတာ ဝန်ခံလိုက်ပါ

ပန်ကာရှေ့မျက်နှာအပ်ပြီး စက်ရုပ်အသံလုပ်ရတာက နာရီပေါင်းများစွာကြာသွားလည်း ရိုးမသွားပါဘူး

မီးခလုတ်ကို အလယ်မှာထားလို့ရမရ ကြိုးစားကြည့်ခြင်းကလည်း ကလေးအားလုံးနီးနီးရဲ့ မရှောင်လွှဲနိုင်တဲ့ စိန်ခေါ်မှုတစ်ခုပါပဲ

အခုဖော်ပြခဲ့တဲ့ ကလေးဘဝက အမှတ်တရတွေကို ပြန်ကြည့်ပြီးတော့ ကိုယ်ကလေးဘဝတုန်းကရော ဘာတွေလုပ်ခဲ့ဖူးလဲဆိုတာ ပြောခဲ့ပေးဦးနော်။

Image Source: BrightSide

By MyStyle Myanmar