တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်တွေက တစ်ခါတလေ ဝမ်းနည်းဖို့ကောင်းသလို တစ်ခါတလေတော့လည်း ပျော်ဖို့ကောင်းပါတယ်။ သင်က တစ်ယောက်တည်း ရှိနေတဲ့အချိန် ဘာတွေ လုပ်နိုင်မလဲ သိထားရင်တော့ ပျင်းစရာမကောင်းတော့ပါဘူး။ ဒီတော့ တစ်ယောက်တည်းသမားတွေ ဖုန်းပွတ်တာမဟုတ်ဘဲ လုပ်နိုင်မယ့် အရာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ တရားထိုင်ပါ

ဒီအချက်က ဖတ်ရုံနဲ့ သင့်အတွက် ပျင်းဖို့ကောင်းနီုင်ပါတယ်။ ဒါပေမဲ့ တရားထိုင်တာ များလာတဲ့အခါ အရင်ထက် စိတ်တည်ငြိမ်လာပြီး ခဏခဏ စိတ်ဓာတ်ကျတာတွေ နည်းလာပါလိမ့်မယ်။ သင်နှစ်သက်တဲ့ ရနံ့ ဖယောင်းတိုင်ကို ဘေးမှာ ထွန်းကာ ကိုယ်ကိုးကွယ်ရာ ဘာသာကို အာရုံပြုရင်း ငါးမိနစ်လောက် နေရုံနဲ့တင် သင်တော်တော်စိတ်ချမ်းသာပါလိမ့်မယ်။

၂။ ဝါသနာ တစ်ခု ပျိုးထောင်ကြည့်ပါ

ကိုယ်လုပ်မယ်လို့ စဉ်းစားထားတဲ့ အတတ်ပညာတွေကို တစ်ယောက်တည်း ရှိနေတဲ့အချိန် သင်ယူနိုင်ပါတယ်။ ဥပမာ- ပန်းချီဆွဲတာ၊ ဟင်းသစ်တစ်မျိုးချက်ကြည့်တာ စတာတွေကို ပြုလုပ်နိုင်ပါတယ်။

၃။ သင့်ဘဝကို အစီအစဉ် ပြန်ချပါ

အခန်းသန့်ရှင်းတာ၊ ငွေကြေး ပြန်စီမံတာ စတဲ့ အရာတွေက လုပ်ရတာ ငြီးငွေ့ဖို့ကောင်းနိုင်ပါတယ်။ ဒါပေမဲ့ တာဝန်တစ်ခု ပြီးမြောက်တဲ့အခါရလာတဲ့ ပီတိကို သင်ခံစားဖူးမှာပါ။ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် ကိုယ့်ဘဝမှာ လိုအပ်နေတဲ့အရာတွေကို စီမံသင့်ပါတယ်။

၄။ စာအုပ်ဖတ်ပါ

သင်ဝယ်ထားပြီး မဖတ်ဖြစ်တဲ့ စာအုပ်တွေ ရှိနေမှာပါ။ ဒီစာအုပ်တွေက သင်ဖတ်ဖို့အတွက် စောင့်နေမှာပါ။ တစ်ယောက်တည်းဖြစ်နေတဲ့အချိန် စာအုပ်ဖတ်တာက ပိုစိတ်တည်ငြိမ်စေပြီး စာအုပ်ဖတ်ရတာ ပိုဈာန်ဝင်မှာပါ။

၅။ ကိုယ်အားကျရတဲ့ ပုဂ္ဂိုလ်ကို ရှာပါ

သင်အားကျတဲ့ အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တွေ ရှိမှာပါ။ သင်တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် သူတို့အကြောင်း လိုက်ရှာပြီး ဘာတွေ လုပ်ခဲ့တယ်၊ ဘယ်လိုရုန်းကန်ခဲ့ရတယ် စတာတွေကို လိုက်လေ့လာနိုင်ပါတယ်။ သူတို့လို သင့်ဘဝကို ကြိုးစားဖို့ ခွန်အားယူနိုင်ပါတယ်။

၆။ သွားချင်တဲ့ နေရာတွေကို ပြုစုပါ

သင်တစ်ယောက်တည်း ဖြစ်နေတဲ့အချိန် သင်သွားချင်တဲ့နေရာတွေကို List ချရေးနိုင်ပါတယ်။ အသက် ဘယ်လောက်လောက်မှာ ဘယ်နေရာကို သွားချင်တယ်စသဖြင့် List ရေးနိုင်ပါတယ်။ ဒီလိုရေးတာက သင့်ကို ပိုပျော်ရွှင်စေပါတယ်။

၇။ တစ်ယောက်တည်း ဒိတ်ပါ

ညနေခင်းအချိန် တစ်ယောက်တည်း ဖြစ်နေတဲ့အခါ ကိုယ်နှစ်သက်တဲ့ အစားအသောက်တွေ ဝယ်ပြီး တစ်ယောက်တည်း ဒိတ်နိုင်ပါတယ်။ တစ်ယောက်တည်း ဖြစ်တာကြောင့် သင်ကြိုက်တာတွေကို တစ်ယောက်တည်းစားနိုင်ပြီး အေးအေးဆေးဆေး ဖြတ်သန်းနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar