ပို့စ်အိုင်ဒီယာတွေထဲမှာမှ ဒီတစ်ခါမှာတော့ ဆယ်ကျော်သက် ကောင်မလေးတွေအတွက် တစ်ကိုယ်လုံးပုံလေးတွေရိုက်တဲ့အခါမှာ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပို့စ်လေးဆိုရင် လွယ်ကူပါတယ်။ လက်လေးတစ်ဖက်ကိုထောင်ပြီး ခေါင်းလေးနည်းနည်းစောင်းကာ ပြုံးတာပဲဖြစ်ဖြစ်၊ နှုတ်ခမ်းဆူတာပဲဖြစ်ဖြစ် လုပ်လိုက်ရင်ရပြီနော်။

ထိုင်ပြီး တစ်ကိုယ်လုံးပါအောင် ရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးက ချစ်ဖို့ကောင်းပါတယ်။

ကြည့်လိုက်တာနဲ့ cute type လေးမှန်း သိသာပေါ်လွင်စေမယ့် ပို့စ်အိုင်ဒီယာလေးပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ အလိုက်ဖက်ဆုံးပဲနော်။

ခြေထောက်တစ်ဖက်မြှောက်တဲ့ ပို့စ်လေးတွေကလည်း ခေတ်စားတာကြောင့် try ကြည့်ကြည့်နော်။

မိန်းကလေးဆန်ဆန်လေးနဲ့ ချစ်ဖို့ကောင်းအောင်ဆိုရင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။

ဆယ်ကျော်သက်ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းနေစေမယ့် cute type လေးပါ။

ပန်းပင်လေးဘေးမှာရိုက်ရင် ဒီလိုလေးလည်း ပို့စ်ပေးလို့ရပါသေးတယ်။

ပို့စ်သိပ်မပေးတတ်တဲ့ ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းလေးပဲ ဖြစ်ပါတယ်။

ကြမ်းပြင်မှာပဲဖြစ်ဖြစ်၊ လမ်းမမှာပဲဖြစ်ဖြစ် ထိုင်ရိုက်တဲ့အခါ တစ်ကိုယ်လုံးလည်းပါအောင် ချစ်ဖို့လည်းကောင်းအောင် ဒီလိုလေးသာ ပို့စ်ပေးလိုက်ပါ။

ဆယ်ကျော်သက်ကောင်မလေး ပုပုသေးသေးလေးတွေနဲ့ လိုက်ဖက်တဲ့ ချစ်စရာပို့စ်အိုင်ဒီယာလေးပါ။

ဒီလိုနေကာတဲ့ပို့စ်လေးကလည်း ချစ်ဖို့ကောင်းတဲ့ပို့စ်လေးဖြစ်တာကြောင့် ဆယ်ကျော်သက် ကောင်မလေးတွေနဲ့ဆို အရမ်းကိုလိုက်ဖက်နေမှာ သေချာပါတယ်။