မင်္ဂလာပါ ပျိုမေတို့ရေ။ Outfit အဖြူလေးတွေက လူတွေကြားမှာထင်းထွက်သလို သန့်ပြန်ပြီး အသားဆောင်တာမို့ ပွဲတိုးတဲ့ ဖက်ရှင်တစ်မျိုးလို့ပြောလို့ရပါတယ်နော်။ Dress အနေနဲ့ဝတ်မယ်ဆိုရင်လည်း ရိုးရိုးလေးနဲ့ အရမ်းလှတဲ့အပြင် အပေါ်အင်္ကျီအဖြူလေးတွေကလည်း တစ်ထည်လောက်ရှိရုံနဲ့ ဘယ်အရောင်နဲ့မဆို တွဲဝတ်လို့လှပါတယ်။ ဖက်ရှင်အတွက်ခေါင်းအရမ်းစားဖို့မလိုဘဲ ပေ့ါပေါ့ပါးပါးနဲ့ အကြည်ဓာတ်လေးရစေမှာဖြစ်လို့ မိန်းကလေးတိုင်းရွေးချယ်သင့်တဲ့ အရောင်ဆိုရင်လည်းမမှားပါဘူး။

ဒီတစ်ခေါက်မှာ အသက်အရွယ်မရွေးဝတ်လို့လှမယ့် အဖြူရောင်ဖက်ရှင်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်။ အဖြူလေးတွေဝတ်ဖို့စဉ်းစားနေတယ်ဆိုရင် ဒီလို Outfit အတွဲအစပ်လေးတွေကို Try ကြည့်နိုင်ပါတယ်။

ဘယ်သွားသွားဝတ်လို့လှတဲ့ အဖြူရောင် Dress လေးတွေ

တစ်ထည်ရှိရုံနဲ့ အမျိုးမျိုးတွဲဝတ်လို့ရမယ့် အဖြူရောင် တီရှပ်

ပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့ အဖြူရောင် အပေါ်အောက် ဝမ်းဆက်

ဆွဲဆောင်မှုရှိတဲ့ အဖြူ Mini Dress တွေ

အထာကျစေမယ့် အသားကပ်ဂါဝန်တွေ

ရုံးသွားရုံးတက်အတွက် အဖြူရောင် Blazer

အပြင်ထပ်အပါးအနေနဲ့ဝတ်လို့ရမယ့် ခါးရှည်တီရှပ်အဖြူ

လူငယ်မိန်းကလေးတွေနဲ့လိုက်မယ့် Tank Top ခါးတိုအဖြူလေးတွေ

အေးတဲ့ရာသီနဲ့သင့်တော်မယ့် အဖြူရောင်ဆွယ်တာ Outfit တွေ

Photo Source: preview.ph, Pinterest

By MyStyle Myanmar