ခုလိုပူတဲ့နွေရာသီမှာ Halter Top လေးတွေက အလိုက်ဖက်ဆုံးပါပဲ ။ စတိုင်ကျပြီး ပေါ့ပါးတဲ့ဖက်ရှင်မလို့ သူငယ်ချင်းတွေနဲ့အပြင်သွားတာဘဲဖြစ်ဖြစ် ၊ ကမ်းခြေမှာဘဲဖြစ်ဖြစ် နေရာတိုင်းနဲ့လိုက်ဖက်တဲ့ဖက်ရှင်ပါပဲ ။ ဒါကြောင့် ချစ်ဖို့ကောင်းပြီး လူငယ်ဆန်တဲ့အသွင်အပြင်ကို ရစေတဲ့ Halter Top လေးတွေကို အမိုက်စားဝတ်နိုင်ဖို့Halter Top နဲ့တွဲဖက်ဝတ်ဆင်လို့ရတဲ့ OOTD လေးတွေ ဝေမျှပေးလိုက်ပါတယ်။

Crochet Halter Top လေးကို ခါးအမြင့် Jean လေးနဲ့တွဲဝတ်လိုက်ရင် သင့်ကိုခပ်မိုက်မိုက်ပုံစံလေး ဖြစ်စေမှာပါ။

High Neck Halter Top လေးက Joggers တွေ၊ Sneakers တွေနဲ့လည်း လိုက်ဖက်ပါတယ်။

Wrap-Style Halter Top လေးကို မီနီစကတ်လေးနဲ့တွဲဝတ်ကြည့်ပါ။ မိန်းကလေးဆန်ဆန် လှနေမှာ အသေချာပါ။

Halter Top လေးကို ခြေထောက်ကျယ်တဲ့ ဂျင်းဘောင်းဘီနဲ့လည်း တွဲဝတ်လို့ရပါသေးတယ်။

ကမ်းခြေမှာ ထူးခြားတဲ့ OOTD လိုအပ်နေလား ? Wrap-Style Halter လေးနဲ့စကပ်လေးက ရေထဲကတက်တာချိန်နဲ့ဆို ကွက်တိပါပဲ။

Bikini-Style Halter နဲ့ Shorts Set လေးက စတိုင်ကျမှုကို ပြသနေတဲ့ နောက်ထပ်သက်သေတစ်ခုပါ။