ဒီတစ်ခါမှာတော့ မျက်ခုံးကောင်းတဲ့ကောင်မလေးတွေအတွက် သဘာဝဆန်ပြီး Glow နေမယ့် မိတ်ကပ်ပြင်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ဒီ Makeup Look လေးက မျက်ခုံးကောင်းတဲ့ ကောင်မလေးတွေနဲ့ဆို အလိုက်ဖက်ဆုံးပါပဲ။ ဒါကြောင့် ပေါ့ပေါ့ပါးပါးလေးနဲ့ သဘာဝဆန်တာမျိုးလေး ကြိုက်တယ်၊ Simple Glow Makeup Look လေးလည်းကြိုက်တယ်ဆိုရင်တော့ ဒီ Makeup Look လေးကို Try ကြည့်သင့်ပါတယ်။

Toner, Moisturizer လိမ်းပြီးရင် Sun Mist လေး ဖြန်းပေးပါ။

Primer လိမ်းပေးပါ။ ဒါမှ မိတ်ကပ်မကွက်မှာ၊ အချိန်ကြာလည်း မဲမသွားမှာပါ။

Concealer နဲ့ မျက်ကွင်းညိုတဲ့နေရာ၊ နှာခေါင်းဘေး၊ အမဲစက်၊ အမာရွတ်ရှိတဲ့နေရာတွေကို ဖုံးပေးပါ။

မျက်ခုံးကောင်းပြီးသားဆိုတော့ နည်းနည်းပဲဆွဲပေးရင်ရပါတယ်။ မဆွဲပဲတော့ မနေပါနဲ့။ ပုံသွင်းတာလောက်တော့ လုပ်ပေးပါ။

မိတ်ကပ်ကိုတော့ Liquid Type လေးသုံးပြီး ပါးပါးလေးပဲ လိမ်းပေးပါ။ Makeup Sponge ကို ရေစွတ်ပြီးတော့ပဲဖြစ်ဖြစ်၊ Face Mist ဖြန်းပြီးတော့ပဲဖြစ်ဖြစ် လိမ်းပေးပါ။

ပါးနီကို သဘာဝဆန်တဲ့အရောင် Cream Type (သို့) Gel Type ကိုသုံးပေးပါ။ နှုတ်ခမ်းနီနဲ့ပဲ ပါးနီခြယ်ချင်လညး် ရပါတယ်။ အဓိကက လက်လေးနဲ့ယူပြီး တို့ပြီး ခြယ်ပေးပါ။ ပြီးမှသာ Brush နဲ့ ခြယ်ပြီး နှာခေါင်းကိုပါ နည်းနည်းဆွဲခြယ်ပေးပါ။

မျက်လုံးခြယ်ဖို့ကိုလည်း ပါးနီကိုခြယ်ထားတာလေးနဲ့ပဲ ခြယ်မှာပါ။ လက်ညှိုးလေးနဲ့ နည်းနည်းယူပြီး မျက်ခွံမှာ ခြယ်ပေးပါ။

ပါးရိုးနဲ့ နှာတံကို Highlighter သုံးပေးပါ။ တခြား ကိုယ် Glow ချင်တဲ့ နေရာလေးကို သုံးပေးလို့လည်း ရပါတယ်။

Eyeshadow အနက်ရောင်နဲ့ မျက်လုံးအောက်နား မျက်ခမ်းစက်နေရာလေးကို ခြယ်ပေးပါ။ မျက်လုံးထောင့်ကိုပါ နည်းနည်းခြယ်ပေးပါ။

Eyeliner မဆွဲတာက ပိုပြီး သဘာဝဆန်လို့ မဆွဲတော့ပါဘူး။ မျက်တောင်ကိုပဲ သေချာလေးကော့ပေးပါမယ်။

မျက်လုံးအောက်နား အရှေ့ဘက်လေးကို Highlighter လေးသုံးပြီး နည်းနည်းခြယ်ပေးပါ။ ဒါမှ မျက်လုံးက ပိုပြီးလင်းလင်းလေးဖြစ်သွားမှာပါ။

နှုတ်ခမ်းနီကိုလည်း အရောင်ငြိမ်တာလေး ဆိုးပေးပါ။ ကိုယ်ဆိုးချင်တဲ့ နှုတ်ခမ်းနီဆိုးပြီးရင်တော့ အပေါ်ကနေ Lip Gloss လေး ထပ်ဆိုးပေးပါ။ Lip Gloss လေးဆိုးတာက ပိုပြီး သဘာဝဆန်ဆန်နဲ့ Glow Makeup Look ဖြစ်စေသလို ပိုပြီးတော့လည်း လှပါတယ်။

အားလုံးပြီးသွားရင်တော့ Sun Mist လေး ထပ်ဖြန်းပေးပါ။

ဒါဆိုရင်တော့ မျက်ခုံးကောင်းတဲ့ကောင်မလေးတွေအတွက် သဘာဝဆန်ပြီး Glow နေမယ့် Makeup Look လေးကို ရသွားပါပြီ။

Source: www. jewelmesina