ကိုရီးယားဆန်တဲ့ မိတ်ကပ်ပုံလေးတွေနဲ့ Glow ပြီး Bling Bling ဖြစ်တာလေးကို ကြိုက်တဲ့ ကောင်မလေးတွေအတွက် ကြည့်လိုက်တာနဲ့ Fresh ဖြစ်ပြီး ကိုရီးယားဆန်ဆန်လေးနဲ့ လှနေမယ့် မိတ်ကပ်ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Toner, Moisturizer, Sunscreen, Primer လိမ်းပါ။ ပြီးရင်တော့ Glow ဖြစ်စေတဲ့ Liquid Foundation ကို Makeup Brush နဲ့ ဆွဲယူပြီး Puff နဲ့ပဲဖြစ်ဖြစ်၊ Makeup Sponge နဲ့ပဲဖြစ်ဖြစ် လိမ်းပေးပါ။ ပုပ်ပုပ်ပြီးလိမ်းပါ။ ဆွဲပွတ်ပြီးမလိမ်းပါနဲ့။

မျက်ခုံးမွှေးဆွဲတဲ့အခါမှာ ကိုရီးယား Look လေးလိုချင်ရင်တော့ အညိုဘက်သွားတာ၊ ခဲစိမ်းဘက်သွားတာလေးတွေ သုံးပေးပါ။

မိတ်ကပ်ရောင် Eyeshadow ဖျော့ဖျော့လေးကို မျက်ခွံပေါ်မှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားလေးကိုပါ ခြယ်ပါမယ်။

မိတ်ကပ်ရောင် (သို့) Peach ကာလာဘက်သွားတဲ့ Glitter Eyeshadow ကိုယူပြီး မျက်ခွံပေါ်မှာ ထပ်ခြယ်ပေးပါ။

ရွှေရောင် Glitter Eyeshadow ကိုယူပြီး မျက်ခွံအပေါ်ဘက်နားမှာ နည်းနည်းခြယ်လိုက်ပါ။

လုံးဝကို Glow နေတဲ့ပုံလေးနဲ့ မျက်လုံးခြယ်ချင်တယ်ဆိုရင်တော့ Gel Cream Glitter Eyeshadow ကို ထပ်သုံးပေးရပါမယ်။ အဲ့တာကိုမှ ရွှေရောင်ဘက်သွားတဲ့အရောင် (သို့) အဖြူဘက်သွားတဲ့အရောင်ကိုရွေးပြီး လက်ချောင်းလေးနဲ့ တို့ယူကာ မျက်ခွံပေါ်မှာ နည်းနည်းသုတ်ပေးပါ။

ရွှေရောင် Glitter Eyeshadow ကိုယူပြီး မျက်လုံးအောက်မှာ ခြယ်ပေးပါ။

မျက်လုံးအောက်အရှေ့ဘက်နားလေးကို Glitter Gel Eyeshadow ထပ်ခြယ်ပေးပါ။

မျက်တောင်ကော့တဲ့အတံနဲ့ မျက်တောင်ကော့ပြီးမှ Mascara နဲ့ ကော့ပေးပါ။ အပေါ်မျက်တောင်၊ အောက်မျက်တောင် ကော့ပေးပါ။

ပါးနီကိုတော့ မိတ်ကပ်ရောင်ဖျော့ဖျော့လေး သုံးပြီး ခြယ်ပါမယ်။

Eyeshadow အညိုနဲ့ပဲ နှာတံပါးပါးဖော်ပေးပါ။

ပိုလင်းပြီး Glow ချင်တဲ့နေရာတွေကို Highlighter အဖြူသုံးပါမယ်။ ပါးရိုး၊ နဖူး၊ နှာတံနဲ့ မေးစိက အဓိကပါပဲ။

နှုတ်ခမ်းနီကိုတော့ Peach ကာလာလေး ဆိုးပါမယ်။

ဒါဆိုရင်တော့ ကြည့်လိုက်တာနဲ့ Fresh ဖြစ်ပြီး ကိုရီးယားဆန်ဆန်လေးနဲ့ လှနေမယ့် မိတ်ကပ် look လေး ရသွားပါပြီ။

Source: www.yoosbeauty