Girly Type သိပ်မကြိုက်တဲ့ မိန်းကလေးတွေ၊ အရမ်း Cute ဖြစ်နေတာမျိုးတွေကိုလည်း မကြိုက်တဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ပေါ့ပါးမှုရှိပြီး စတိုင်လ်ကျနေစေမယ့် ဖက်ရှင်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလိုဘောင်းဘီတိုနဲ့ Tee အပွဖက်ရှင်လေးက လွတ်လပ်ပေါ့ပါးမှုရှိပြီး စတိုင်လ်ကျစေတာကြောင့် ပူပြင်းတဲ့ရာသီဥတုမျိုးမှာ ရွေးချယ်ဝတ်ဆင်ဖို့ အသင့်တော်ဆုံးပါပဲ။

Tee အပွကို ဒီလိုဘောင်းဘီအကျပ်လေးတွေနဲ့ တွဲဝတ်တဲ့ဖက်ရှင်ကလည်း စတိုင်လ်ကျပြီး လွတ်လပ်ပေါ့ပါးမှုရှိစေတာကြောင့် ပူပြင်းတဲ့ရာသီမှာပဲဝတ်ဝတ်၊ မိုးရာသီမှာပဲဝတ်ဝတ် အရမ်းအဆင်ပြေပါတယ်။

ဒီဖက်ရှင်လေးဆိုရင် ဖက်ရှင်ကျကျ၊ အထာကျကျနဲ့ မိုက်နေစေမယ့် ဖက်ရှင်လေးပါ။ ခရီးသွားတဲ့အခါမှာလည်း အဆင်ပြေသလို ဖက်ရှင်ကျကျဝတ်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာလည်း မိုက်နေမှာ သေချာပါတယ်။

ဂျင်းဘောင်းဘီအရှည် ဒဲ့ပွလေးကို Tee အပွတွေနဲ့ တွဲဝတ်ပြီး ဒီလိုအထာကျကျလေးလည်း ဝတ်ဆင်နိုင်ပါတယ်။ ဒါက လူငယ်ကောင်မလေးတွေကြားမှာ အမြဲရေပန်းစားနေတဲ့ ဖက်ရှင်လေးပါပဲ။

Tee အပွကို ဒီလိုဘောင်းဘီအပွတွေနဲ့ တွဲဝတ်ပြီး Sneakers စီးတာလည်း လွတ်လပ်ပေါ့ပါးပြီး စတိုင်လ်ကျစေပါတယ်။

မိန်းကလေးဆန်တာမျိုး သိပ်မကြိုက်တဲ့သူတွေက ကုတ်ဖက်ရှင်လေး ဝတ်မယ်ဆိုရင် ဒီလိုစတိုင်လ်မျိုးလေး ဝတ်ကြည့်ပါ။ အထာကျပြီးမိုက်ပါတယ်။

Girly Type မကြိုက်ရင် ဘောင်းဘီအရှည်အပွ၊ ဂျင်းအပွတွေကို ဒီလိုတီရှပ်လက်တိုတွေနဲ့ တွဲဝတ်ကြည့်ပါ။ လွတ်လပ်ပေါ့ပါးပြီး အထာကျပါတယ်။

ရာသီဥတုအေးတဲ့အခါမျိုးမှာဆိုရင်တော့ ဒီလိုဖက်ရှင်လေးဝတ်တာက လွတ်လပ်ပေါ့ပါးမှု ရှိစေပါတယ်။

ဂျင်းဘောင်းဘီကို ဒီလိုပုံစံလေးတွေကလည်း အခုနောက်ပိုင်းမှာ ပြန်ခေတ်စားလာပါတယ်။ Tee လေးတွေနဲ့ ဒီလိုမျိုး တွဲဝတ်ကြည့်ပါ။ လူငယ်ဆန်ပြီး ဖက်ရှင်ကျစေပါတယ်။

ရာသီဥတုအေးရင် ဒါမျိုးဖက်ရှင်လေးတွေလည်း ဝတ်ကြည့်ပါ။ Girly Type မကြိုက်တဲ့သူတွေအတွက်တော့ ဒီဖက်ရှင်စတိုင်လ်လေးတွေက အထာကျပြီး မိုက်နေမှာပါ။

Tank Top တွေကို ဒီလိုဘောင်းဘီနဲ့တွဲဝတ်ပြီး ဦးထုပ်ဆောင်း Sneakers လေးစီးကြည့်ပါ။ လွတ်လပ်ပေါ့ပါးမှုရှိပြီး အထာကျနေမှာပါ။

ရိုးရိုးရှင်းရှင်းလေးနဲ့ မိန်းကလေးမဆန်တာမျိုးဆိုရင်တော့ ဒီဖက်ရှင်လေးအတိုင်းသာ ဝတ်ကြည့်ပါ။ ဘယ်တော့မှလည်း ရိုးမသွားပါဘူး။

Photo source:www.pinterest.com