လူငယ်ကောင်မလေးတွေအတွက် freestyle ပုံစံလေးဖြစ်နေစေမယ့် လွယ်ကူသောပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ လွယ်ကူတဲ့ပို့စ်ပေးနည်းတွေဖြစ်တာကြောင့် ဓာတ်ပုံရိုက်တဲ့အခါမှာ အများကြီးအသုံးဝင်စေမှာပါ။

ဒီပို့စ်ကတော့ mirror selfie ရိုက်တဲ့အခါမှာ လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ freestyle look လေးရစေမယ့် ပို့စ်ပေးနည်းပဲဖြစ်ပါတယ်။

ဒါကတော့ 2022 မှာ အရမ်းခေတ်စားမယ့် ပို့စ်ပေးနည်းပါပဲ။ ဘောင်းဘီရှည်တွေနဲ့ freestyle ပုံစံတွေ၊ ခပ်မိုက်မိုက်ပုံစံလေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်။ အထာကျပြီးမိုက်နေစေမယ့် ပို့စ်ဖြစ်ပါတယ်။

ထိုင်ပြီးရိုက်တဲ့အခါမှာ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို တစ်ကိုယ်လုံးပေါ်ချင်တယ်ဆိုရင် ဒီလိုလေးထိုင်ပြီး ပို့စ်ပေးပါ။ Freestyle ပုံစံလေးနဲ့ အထာကျပြီးမိုက်ပါတယ်။

လူကောင်ကြီးအောင် ထိုင်ရိုက်မယ်ဆိုရင်တော့ ဒီလိုလေးပို့စ်ပေးပါ။ လုံးဝကို freestyle ပုံစံလေးပါပဲ။

ဒီလို freestyle fashion လေးဝတ်ထားရင်တော့ ဦးထုပ်လေးဆောင်းပြီး ဒီလိုပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

လမ်းလျှောက်လာတဲ့ snap ပုံလေးတွေကလည်း freestyle look လေးရစေပါတယ်။

ပို့စ်သိပ်မပေးတတ်တဲ့သူတွေဆို ဒီလိုလေးသာနေပါ။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်က freestyle ပုံစံလေးဖြစ်နေရင် freestyle look မျိုးရစေပါတယ်။ စကပ်တွေ၊ ဂါဝန်တွေဝတ်ပြီး ဒီလိုပို့စ်ပေးမယ်ဆိုရင်တော့ cute type ဘက်ရောက်သွားမှာပါ။

ဒီလိုပို့စ်မျိုးကျတော့ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။ ဘာမှထွေထွေထူးထူး ပို့စ်တွေလုပ်နေစရာမလိုတဲ့ ပုံစံမျိုးလေးပါ။

Freestyle look ရစေမယ့် ပို့စ်ပေးနည်းဖြစ်သလို အထာကျတဲ့ပုံစံလေးလည်း ဖြစ်စေပါတယ်။ ဒီပို့စ်မျိုးဆိုရင်တော့ ဘောင်းဘီရှည်တွေနဲ့မှ ပိုပြီးလိုက်တာပါ။

ဒီလိုလေးထိုင်ရိုက်တာမျိုးကတော့ ကြည့်လိုက်တာနဲ့တင် freestyle ပုံစံလေးမှန်း သိသာစေပါတယ်။ အရမ်းလည်းလွယ်တဲ့ပို့စ်မျိုးပါ။

photo source:www.pinterest.com