မိန်းကလေးတွေအတွက် ရာသီဥတုပူတဲ့အချိန်မှာ လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ အရမ်းချစ်ဖို့ကောင်းစေမယ့် ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အင်္ကျီအဖြူအပွတွေကို ဘောင်းဘီတိုအပွတွေနဲ့ တွဲဝတ်တာကတော့ အရမ်းကိုပေါ့ပါးလွတ်လပ်မှု ရှိစေပြီး အပူဒဏ်သက်သာစေပါတယ်။ ကြည့်လိုက်တာနဲ့ ပေါ့ပါးတဲ့ပုံလေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။
စကပ်အတိုလေးတွေ၊ ဂျင်းစကပ်လေးတွေကို အင်္ကျီအဖြူအပွလေးတွေနဲ့ တွဲဝတ်တာလည်း အရမ်းပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းစေပါတယ်။ ဦးထုပ်လေးပါဆောင်းလိုက်ရင်တော့ perfect ဖြစ်သွားမှာပါ။
ဂျင်းဘောင်းဘီအတိုလေးတွေကို အဖြူရောင်အင်္ကျီအပွတွေနဲ့ ဒီလိုလေးတွဲဝတ်တာလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ ကြည့်လိုက်တာနဲ့ freestyle ပုံစံလေး ဖြစ်စေပါတယ်။
ပူပြင်းတဲ့နေ့တွေမှာ ဂျင်းဘောင်းဘီအတိုလေးတွေကို ကြိုးတစ်လုံးလေးတွေနဲ့ တွဲဝတ်လိုက်ရင်လည်း ဖက်ရှင်ကျပြီး လွတ်လပ်ပေါ့ပါးတဲ့ပုံစံလေးနဲ့ ချစ်ဖို့ကောင်းစေပါတယ်။
ဒီလိုဂါဝန်အတိုအပွတွေကို ရာသီဥတုပူတဲ့အချိန်မှာသာ ဝတ်လိုက်ရင် အရမ်းနေလို့ကောင်းပြီး လွတ်လပ်ပေါ့ပါးနေမှာ သေချာပါတယ်။
ဒီလိုဘောင်းဘီလေးတွေဆိုရင် အရှည်ပေမယ့် ဝတ်ရတာအရမ်းအဆင်ပြေပါတယ်။ အေးပြီး လွတ်လပ်ပေါ့ပါးမှုရှိစေပါတယ်။ ချည်သားအင်္ကျီလေးတွေ၊ အင်္ကျီအဖြူလေးတွေနဲ့သာ တွဲဝတ်ကြည့်ပါ။
ရာသီဥတုပူတဲ့အချိန်မှာ ဂျင်းဘောင်းဘီအရှည်ဝတ်မယ်ဆိုရင် အကျပ်တွေမဝတ်ပဲ ဒီလိုနည်းနည်းချောင်တာမျိုးလေးတွေကို ရွေးဝတ်ပါ။ တီရှပ်လေးတွေနဲ့ တွဲဝတ်တာကတော့ freestyle ပုံစံလေးနဲ့ ဝတ်ရတာလည်း အရမ်းအဆင်ပြေမှာပါ။
ဂျင်းဘောင်းဘီအတိုကို ဒီလိုအင်္ကျီအပွတွေနဲ့ တွဲဝတ်တာလည်း ရာသီဥတုပူတဲ့အချိန်မှာ အဆင်ပြေပါတယ်။ ကိုယ်ဝတ်တဲ့အင်္ကျီအသားက အေးတဲ့အသားဖြစ်ဖို့ပဲ လိုပါတယ်။
အတိုမဝတ်တဲ့သူတွေဆိုရင် ဒီလိုစကပ်လေးတွေကို တီရှပ်အဖြူလေးတွေနဲ့သာ တွဲဝတ်ကြည့်ပါ။ ဖက်ရှင်တစ်မျိုးလေးဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိစေပါတယ်။ ကိုရီးယားဖက်ရှင်လေးတွေကြိုက်ရင် ဒီဖက်ရှင်လေးကိုသာ ဝတ်ကြည့်ပါ။
ဂါဝန်ရှည်လေးတွေကြိုက်ရင် လက်ပြတ်လေးတွေ၊ ချည်သားဂါဝန်ရှည်လေးတွေကို ရွေးဝတ်ပါ။
Photo source:www.pinterest.com