မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ် Tee လေးတွေဝတ်ရတာကို သဘောကျနှစ်သက်ကြမှာပါ။ သူက ဝတ်ရတာလည်း အရမ်းပေါ့ပါးပြီးလွတ်လပ်မှုရှိစေတော့ ဘယ်လိုရာသီဥတုမျိုးမှာမဆို အလွယ်တကူကောက်ဝတ်လို့ရတာပေါ့။ ဒါကြောင့် ပေါ့ပေါ့ပါးပါးရှိစေတဲ့ Tee လေးတွေကို ဘယ်လိုဖက်ရှင်မျိုးတွေနဲ့ တွဲဝတ်လို့ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

Tee လေးတွေကို ဂျင်းစကပ်အတိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အပြင်သွားရင်လည်း အလွယ်တကူကောက်ဝတ်လို့ရတဲ့ ဖက်ရှင်လေးဖြစ်တဲ့အပြင် ရိုးရိုးလေးနဲ့ ချစ်စရာကောင်းပြီး ဖက်ရှင်ကျနေစေလို့ မိန်းကလေးတိုင်း သဘောကျနှစ်သက်တဲ့ ဖက်ရှင်လေးတစ်ခုပါ။

ဂျင်းဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်လို့လည်း ရပါတယ်။ Tee လေးတွေကို ဂျင်းဘောင်းဘီရှည်လေးတွေနဲ့ တွဲဝတ်တာကတော့ တော်တော်များများလည်း သဘောကျနှစ်သက်ကြတဲ့ Favorite ဖက်ရှင်လေးတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလိုလေးဝတ်တာဟာ အရမ်းကိုပေါ့ပါးလွတ်လပ်မှုရှိစေပါတယ်။

Tee တွေကို အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ ဘောင်းဘီအပွလေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီလိုဖက်ရှင်မျိုးလေးဝတ်ပြီး Sneakers အဖြူလေးသာစီးလိုက်မယ်ဆိုရင်တော့ အရမ်းကိုချစ်စရာကောင်းနေမှာ သေချာပါတယ်။

အခုနောက်ပိုင်းမှာတော့ ကိုရီးယားဆန်ဆန် စကပ်အကားလေးတွေက အရမ်းခေတ်စားလာတာကို အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ ဒီလိုစကပ်အကားလေးတွေကို Tee လေးတွေနဲ့တွဲဝတ်တာဟာ မိန်းကလေးဆန်ပြီး ချစ်စရာကောင်းစေပါတယ်။ ဒါကြောင့် ခေတ်ရေစီးကြောင်းအရ ဒီဖက်ရှင်လေးကိုလည်း ရွေးချယ်သင့်ပါတယ်။

နောက်တစ်ခုအနေနဲ့ ကိုရီးယားဆန်ဆန်စကပ်လေးတွေလည်း ရှိပါသေးတယ်။ ဒီလိုစကပ်လေးတွေကိုလည်း Tee လေးတွေနဲ့တွဲဝတ်ပြီး Sneakers လေးသာစီးလိုက်ပါ။ သူများထက်ပိုဖက်ရှင်ကျပြီး ချစ်စရာကောင်းနေမှာသေချာပါတယ်။

နောက်ဆုံးဖက်ရှင်လေးကတော့ အားလုံးလည်းဝတ်ဆင်ကြတဲ့ ဘောင်းဘီတိုလေးတွေပါ။ Tee တွေကို ဘောင်းဘီတိုလေးတွေနဲ့တွဲဝတ်တာဟာ အရမ်းလိုက်ဖက်ပြီး လွတ်လပ်ပေါ့ပါးမှုရှိစေတဲ့ ဖက်ရှင်တစ်ခုပါ။ ဒါကတော့ အားလုံးလည်း နှစ်သက်သဘောကျတဲ့ ဖက်ရှင်လေးတစ်ခုလို့ ထင်ပါတယ်။

Photo Source: www.pinterest.com