မိန်းကလေးတွေအတွက် ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းတဲ့ ဂျင်းဘောင်းဘီအတို အပွဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အတိုကိုမှ အပွလေးတွေဝတ်တာက ပိုပြီးပေါ့ပါးမှုရှိသလို ပိုပြီးတော့လည်း ချစ်ဖို့ကောင်းပါတယ်။

ဂျင်းဘောင်းဘီအတိုကိုမှ နည်းနည်းပွတာလေး ရွေးဝတ်ပြီး ဒီလိုအင်္ကျီလေးတွေနဲ့ တွဲဝတ်လိုက်ရင် သက်တောင့်သက်သာနဲ့ ပေါ့ပါးမှုရှိစေပါတယ်။ ပူတဲ့အချိန်မှာဝတ်လို့ အကောင်းဆုံးပါပဲ။

ဂျင်းဘောင်းဘီအတို အပွလေးတွေကို ဒီလိုအသားအေးပြီး ချစ်ဖို့ကောင်းတဲ့ အင်္ကျီလေးတွေနဲ့ တွဲဝတ်တာလည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ဝတ်ရတာလည်း ပေါ့ပါးမှုရှိပါတယ်။

ဂျင်းဘောင်းဘီအတိုကို အရမ်းပွတာမကြိုက်ရင် ဒီလောက်အပွအနေတော်လေး ဝတ်လို့လည်းရပါတယ်။ အပေါ်ကနေ အဆင်ပြေတဲ့ Top နဲ့ တွဲဝတ်လိုက်ရုံပါပဲ။

ဂျင်းဘောင်းဘီအတို အပွလေးတွေကို ဒီလိုကိုရီးယားဆန်ဆန်လေး ဝတ်လိုက်ရင်လည်း လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။

ဂျင်းဘောင်းဘီအတို အပွကို တီရှပ်အပွနဲ့ ဒီလိုလေးတွဲဝတ်တာလည်း ပေါ့ပါးမှုရှိပြီး ချစ်ဖို့ကောင်းပါတယ်။ ထသွားထလာအတွက်လည်း အရမ်းအဆင်ပြေတဲ့ ဖက်ရှင်မျိုးပါ။

Crop Top အင်္ကျီလေးတွေကို ဂျင်းဘောင်းဘီအတို အပွလေးတွေနဲ့ တွဲဝတ်တာလည်း ရိုးရိုးလေးနဲ့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်ပါပဲ။

ဂျင်းဘောင်းဘီအတို အပွကို တီရှပ်အပွနဲ့ ဒီလို Style လေးတွဲဝတ်တာလည်း Freestyle ပုံစံလေးနဲ့ ပေါ့ပါးမှုရှိစေပါတယ်။

ကြိုးတစ်လုံးအင်္ကျီလေးတွေကို ဂျင်းဘောင်းဘီအတို အပွနဲ့ တွဲဝတ်တာက အရမ်းလည်းအမြင်မရိုင်းပဲ လှပပြီး ချစ်ဖို့ကောင်းစေပါတယ်။

ဂျင်းဘောင်းဘီအတို အပွလေးကို ရှပ်အင်္ကျီအကွက် လက်ရှည်လေးတွေနဲ့ တွဲဝတ်တာကတော့ ဘယ်တော့မှရိုးမသွားပဲ ရိုးရိုးရှင်းရှင်းနဲ့ ချစ်ဖို့ကောင်းနေစေမယ့် ဖက်ရှင်မျိုးပါပဲ။

Photo source:www.pinterest.com