အားလုံးပဲမင်္ဂလာပါနော်။ ချစ်စရာကောင်းပြီး အရုပ်မလေးနဲ့တူတဲ့ မော်ဒယ် နော်ဖောကို ရင်းနှီးကြမယ်လို့ထင်ပါတယ်။

တက်သစ်စ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဖက်ရှင်ကျသူတစ်ဦးလည်းဖြစ်ပါတယ်။ ကရင်တိုင်းရင်သူလေးဆိုတော့ စကားသံဝဲဝဲလေးနဲ့ တမျိုးဆွဲဆောင်မှုရှိသူဆိုလည်း မမှားပါဘူးနော်။

နော်ဖောအယ်ထားက ရှမ်းပြည်နယ်ဇာတိကပါ။ နော်ဖောကို ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က မွေးဖွားခဲ့တာပါ။ မြန်မာပရိသတ်တချို့က တရုတ်မင်းသမီးလေး ဂူဂူးလေးနဲ့တူတယ်ဆိုပြီးလည်း တင်စားကြပါတယ်။

နော်ဖောရဲ့ ဖက်ရှင်က လူငယ်ဆန်ပြီး ပေါ့ပါးသွက်လက်သလို မြန်မာဝတ်စုံဖက်ရှင်နဲ့လည်း မျက်လုံးအေးပြီး ပိုလှစေပါတယ်။

ဒီတခါမှာတော့ နော်ဖောရဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင် ( ၇ ) မျိုးကို မျှဝေပေးသွားပါမယ်နော်။

၁။ တီရှပ်နဲ့ ဘောင်းဘီပွပွဖက်ရှင်

၂။ ပေါ့ပေါ့ပါးပါး အင်္ကျ ီလေးနဲ့ ဘောင်းဘီပွပွလေးဖက်ရှင်

၃။ ဂျင်းဘောင်းဘီလေးနဲ့ အထာကျတဲ့ဖက်ရှင်

၄။ Pencil စကတ်လေးနဲ့ လှနေတဲ့ဖက်ရှင်

၅။ ပေါ့ပေါ့ပါးပါး Dress ဝတ်စုံဖက်ရှင်

၆။ ရှပ် Dress ဝတ်စုံဖက်ရှင်

၇။ လွတ်လပ်ပေါ့ပါးပြီးလူငယ်ဆန်တဲ့ Jump suit ဖက်ရှင်လေးတွေ

Photo: Naw Phaw Eh Htar Facebook

By: MyStyle Myanmar