ပေါ့ပေါ့ပါးပါးလေးနဲ့ ဖက်ရှင်ကျနေဖို့အတွက် အမျိုးသမီးတွေ ဝတ်ဆင်လို့ရတဲ့ ဖက်ရှင်တွေကို မျှဝေပေးချင်ပါတယ်။

၁။ ခေါင်းလောင်းပုံ အင်္ကျီ လက်အကားပုံစံ

ခေါင်းလောင်းပုံစံမျိုးရှိတဲ့ အင်္ကျီ လက်အကားပုံစံကို ဖက်ရှင်ကျအောင် ဂျင်းဘောင်းဘီအတိုလေးနဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်နော်။ သင့်ကိုလည်း ဖက်ရှင်ကျစေသလို ပေါ့ပေါ့ပါးပါးလည်းရှိပါတယ်။

၂။ Dress ဝတ်စုံလှလှလေး

နွေရာသီမှာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးလေးနဲ့ အဆင်ပြေတဲ့ ဝတ်စုံလေးပါနော်။ ဖိနပ်ပါးပါး ဦးထုပ်လေးစောင်းပြီး ခရီးသွားရင် ပေါ့ပါးလွတ်လပ်နေမှာ သေချာပါတယ်။

၃။ ရှပ်အင်္ကျီ ရှည်ရှည်

ရှပ်အင်္ကျီ ရှည်ရှည်ကို စတိုင်လ်ကျအောင် အထဲက ရှပ်အင်္ကျီ အဖြူနဲ့ ဘေင်းဘီတိုကို ဝတ်ဆင်ပေးလို့ရပါတယ်။ ဖိနပ်ပါးပါးပဲဖြစ်ဖြစ် ဘွတ်ဖိနပ်ပဲဖြစ်ဖြစ် စီးပေးနိုင်ပါတယ်နော်။

၄။ စကတ်ကားကားဖက်ရှင်

စကတ်ကားကားလေးကို အပေါ်က အင်္ကျီပွပွလေး အထဲထည့်ပြီး ဝတ်ပေးရင်လည်း သင့်ကို ဖက်ရှင်ကျနေစေမှာဖြစ်ပါတယ်။

၅။ ဘရာလိုပုံ အင်္ကျီနဲ့ စတိုင်လ်နေအောင်

ဘရာလိုပုံစံမျိုး အင်္ကျီ နဲ့ စတိုင်လ်ကျအောင်အပြင်ကနေ ကုတ်အင်္ကျီ အရှည်နဲ့ ဘောင်းဘီကားကား ဝတ်ပေးလိုက်ရင် ဖက်ရှင်ကျနေပြီဖြစ်ပါတယ်။

၆။ Pant ဘောင်းဘီကားကား

ကြိုးလေးပါတဲ့ Pant ဘောင်းဘီကားကားဟာလည်း သင့်ကို ပေါ့ပါးလွတ်လပ်စေသလို ဖက်ရှင်လည်းကျစေပါတယ်။

၇။ နှစ်ရောင်စပ် အင်္ကျီအကြပ်

အရောင်နျှစ်မျိုးစပ်တဲ့အင်္ကျီ အကြပ်လေးနဲ့ ဂါဝန်ကို တွဲဝတ်ပေးလိုက်ရင် သင်ဟာ စတိုင်လ်ကျနေပါပြီနော်။

၈။ အိတ်အဝိုင်းလေးနဲ့ ဖိနပ်ပါးပါး

အိတ်အဝိုင်းသေးသေးလေးနဲ့ ဖိနပ်ပါးပါးဟာလည်း သင့်ကို ပေါ့ပါးလွတ်လပ်စေတဲ့ ဖက်ရှင်ထဲမှာပါဝင်ပါတယ်နော်။