လူတိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ ကြုံတွေ့ရလေ့ ရှိပါတယ်။ စိတ်အနှောင့်အယှက်ဖြစ်လာရင် တော်တော်များများက စိတ်တိုတာ ဒေါသထွက်လွယ်တာတွေ ဖြစ်လာပါတယ်။ စိတ်တိုပြီး ဒေါသထွက်လာရင် ကိုယ်ပဲ ပိုပင်ပန်းရပါတယ်။ ဒါကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေတာတွေကို ဒီနည်းလမ်း ၄ မျိုးနဲ့ ဖယ်ရှားကြည့်လိုက်ပါ။

သူငယ်ချင်းကိုပြောပြပါ

ကိုယ့်ကိုနားလည်ပေးနိုင်မယ့် သူငယ်ချင်းကောင်းရှိနေရင် သူတို့ကိုပြောပြပါ။ ရင်ဖွင့်ပါ။ ကိုယ့်ရဲ့ ဖြေရှင်းရခက်နေတဲ့ စိတ်ရှုပ်စရာတွေ၊ စိတ်အနှောင့်အယှက်တွေ လျော့ကျသွားပါလိမ့်မယ်။ စိတ်ပေါ့ပါးပြီး နေလို့ကောင်းသွားပါလိမ့်မယ်။

လေ့ကျင့်ခန်းလုပ်ပါ

စိတ်အနှောင့်အယှက်ဖြစ်စရာတွေရှိလို့ အရမ်းစိတ်ရှုပ်လာပြီဆိုရင် လေ့ကျင့်ခန်းလုပ်လိုက်ပါ။ ချွေးထွက်သွားအောင် လုပ်ပါ။ ပြေးတာ၊ ရေကူးတာ၊ ကြိုးခုန်တာမျိုးတွေလည်း လုပ်လို့ရပါတယ်။ စိတ်ပေါ့ပါးလန်းဆန်းသွားပြီး stress တွေ အားလုံး လျော့ကျသွားပါလိမ့်မယ်။

တရားထိုင်ပါ

အကောင်းဆုံးနည်းလမ်းကတော့ တရားထိုင်တာပါပဲ။ တရားထိုင်ရင် စိတ်တည်ငြိမ်ပြီး stress တွေ လျော့ကျစေတယ်၊ စိတ်အေးချမ်းစေတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ ဒေါသထွက်စရာတွေကို မေ့သွားစေပါတယ်။ ဒါကြောင့် တရားထိုင်ဖြစ်အောင်ထိုင်ကြည့်ပါ။

အိပ်ပါ

စိတ်အနှောင့်အယှက်ဖြစ်နေပြီး စိတ်တွေလည်း ရှုပ်ထွေးနေတယ်၊ ဘာမှလည်း လုပ်ချင်စိတ်မရှိဘူးဆိုရင် အများကြီးစဉ်းစားမနေပါနဲ့တော့။ အိပ်လိုက်ပါ။ အိပ်လိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေနားထောင်ပြီး stress relief candle လေးတွေထွန်းပြီး အိပ်လိုက်ပါ။ ကောင်းကောင်းအိပ်ပျော်သွားပါလိမ့်မယ်။ အိပ်ယာနိုးလာရင် ခုနကထက်ပိုပြီးတော့ စိတ်တည်ငြိမ်လာမယ်၊ စိတ်ကြည်သွားပါလိမ့်မယ်။