အမျိုးသမီးဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ် နွေရာသီနဲ့ ဖက်ရှင်က ဘယ်တော့မှ တစ်ထပ်တည်း ကျနိုင်မှာမဟုတ်ပါဘူး။ နေ့အပူချိန်က ပိုမိုပူအိုက်လာလေ ရှိုးထုတ်ရတာ ပိုခက်လာလေပါပဲ။

အပူချိန်တဖြည်းဖြည်း လျော့ကျပြန်လာတော့ မိုးချုပ်သွားပြန်ပါပြီ။ ဒီလိုမျိုး စိတ်ညစ်နေရတဲ့သူတို့အတွက် နွေရာသီမှာ စတိုင်လ်ကျကျနဲ့ ဘယ်လိုရှိုးထုတ်နိုင်မလဲဆိုတာကို ဒီ ဖက်ရှင် Tips လေးတွေကနေ ဝေမျှပေးလိုက်ရပါတယ်။

နွေရာသီမှာ အပူအအိုက်သက်သာပြီး စတိုင်လ်ကျစေဖို့ရန်အတွက် အဓိက ကူညီပေးမယ့် ဖက်ရှင် ဒီဇိုင်း (၄) မျိုးရှိပါတယ်။

ထိုဖက်ရှင် (၄) မျိုးအတွက် အဓိကလိုအပ်မယ့် ဖက်ရှင်အသုံးအဆောင်များကတော့ ဘောင်းဘီတို၊ တီရှပ်၊ လေဝင်လေထွက်ကောင်းသော ဘောင်းဘီရှည်နှင့် ဖိနပ်တို့ပဲဖြစ်ပါတယ်။

အရင်ဦးဆုံး ဘောင်းဘီတိုဖက်ရှင်ကို လေ့လာကြည့်လိုက်ရအောင်။

ချီနိုဘောင်းဘီတိုဖက်ရှင်

ချီနိုဘောင်းဘီတွေဟာ ချည်သားနှင့် ပြုလုပ်ထားတဲ့အတွက် လေဝင်လေထွက်ကောင်းတဲ့ ဘောင်းဘီတစ်ထည်ပဲဖြစ်ပါတယ်။ ရာသီဥတုအပူဒဏ်ကြောင့် စိတ်ညစ်နေရသူများအတွက် အသင့်တော်ဆုံးဘောင်းဘီတစ်ထည်ပဲဖြစ်ပါတယ်။

ချီနိုဘောင်းဘို တီရှပ်ဗြောင်တွေနဲ့ ဝတ်ဆင်နိုင်သလို အစင်းကျားတီရှပ်များနဲ့ ဝတ်ဆင်ပါကလည်း လိုက်ဖက်မှုရှိပါတယ်။

တကယ်လို့ ချီနိုဘောင်းဘီမကြိုက်ရင်တော့ ဂျင်းဘောင်းဘီအတိုတွေလည်း အလုပ်ဖြစ်ပါတယ်။

တီရှပ်နဲ့ ပတ်သက်လာရင်

နွေရာသီတီရှပ်တွေက ရွေးချယ်ရတာ အနည်းငယ်တော့ လက်ပေါက်ကပ်ပါတယ်။ ပူအိုက်လွန်းတဲ့အတွက်ကြောင့် လက်ရှည်တွေ အရောင်ရင့်ရင့်တီရှပ်များကို ရှောင်ကြဥ်သင့်ပါတယ်။ ဒါ့အပြင် ဟာသစာသားတွေ ရေးထိုးထားတဲ့ Graphic Tees မျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

နွေရာသီမှာ စမတ်ကျကျနဲ့ ဖက်ရှင်ကျချင်တယ်ဆိုရင်တော့ အစင်းကျားတီရှပ်တွေက အသင့်တော်ဆုံးပါပဲ။

အရောင်ဖျော့ ရှပ်အင်္ကျီများကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

ဘောင်းဘီရှည်

နွေရာသီမှာ ဘောင်းဘီရှည်လို့ ပြောလိုက်ရင် အနည်းငယ်တော့ စိတ်အိုက်စရာပါပဲ။ ဒါ့ကြောင့် ကြပ်ထုပ်နေတဲ့ ဘောင်းဘီများနှင့် ဂျင်းဘောင်းဘီများကို ဆောင်းရာသီအတွက် သိမ်းထားလိုက်ပါ။

နွေရာသီအတွက် အသင့်တော်ဆုံးကတော့ ချောင်ချောင်ချိချိနဲ့ လေဝင်လေထွက်ကောင်းတဲ့ ဘောင်းဘီရှည်များပဲဖြစ်ပါတယ်။ ဘောင်းဘီအသားထူတဲ့ ဘောင်းဘီရှည်များကို ရှောင်ကြဉ်သင့်ပြီး ပါးပါးလျလျနဲ့ စမတ်ကျစေမယ့် ဘောင်းဘီရှည်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

ဖိနပ်နဲ့ ပတ်သက်လာရင်

အနက်ရောင်နဲ့ အဖြူရောင်ကတော့ ဘယ်ဖက်ရှင်အရောင်နဲ့မဆို လိုက်ဖက်တဲ့အတွက်ကြောင့် အထူးတလည် ခေါင်းမစားချင်ဘူးဆိုရင်တော့ အနက်ရောင်နဲ့ အဖြူရောင်စပ် ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။

ဒါ့အပြင် အလုံပိတ်ရှူဖိနပ်တွေထက်စာရင် ပေါ့ပေါ့ပါးပါး Sneakers ဖိနပ်မျိုးကိုသာ နွေရာသီအတွက် ရွေးချယ်သင့်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ဖက်ရှင်က နွေရာသီဖက်ရှင်လိုမျိုး စတိုင်လ်ကျလှပနေမှာဖြစ်ပါတယ်။

Image Source: Pinterest