စာဖတ်သူက ချစ်သူရည်းစားမရှိသေးတဲ့ တစ်ယောက်တည်းသမားဖြစ်နေလို့ စိတ်ဓာတ်မကျမပါနဲ့။ တစ်ယောက်တည်းသမားတွေအတွက် တန်ဖိုးအရှိဆုံးက အချိန်ပါပဲ။ အချိန်တွေကို အကျိုးရှိရှိဖြတ်သန်းမယ်ဆိုရင် တစ်ယောက်တည်းနေရတဲ့ဘဝက နေပျော်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တစ်ယောက်တည်းသမားတွေအနေနဲ့အားလပ်ချိန်တွေမှာ ဘယ်လိုနေရာတွေမှာအချိန်ကုန်သင့်လဲဆိုတာပြောပြပေးချင်ပါတယ်။

(၁) စာကြည့်တိုက်

စာကြည့်တိုက်ဆိုတာတကယ်တော့ သုခဘုံပါပဲ။ ငွေနဲ့ဝယ်လို့မရတဲ့ ဗဟုသုတတွေ အသိပညာတွေ ဉာဏ်အလင်းတွေပေးစွမ်းမယ့် နေရာတစ်ခုဖြစ်သလို နားအေးပါးအေးနဲ့ အေးအေးဆေးဆေး အချိန်ကုန်လို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အားလပ်ချိန်မှာစာကြည့်တိုက်သွားပြီး စာအုပ်လေးတွေဖတ်ကြည့်ပါ။

(၂) အားကစားရုံ

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရေးကလည်း အရေးကြီးတယ်မဟုတ်လား။ ဒါကြောင့်ကိုယ့်ရဲ့အားလပ်ချိန်မှာ Gym ကစားခြင်းနဲ့အတူ အချိန်ကုန်ဆုံးသင့်ပါတယ်။ Gym ကစားတာက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေဖို့ ကူညီပေးမယ့်အပြင် Gym မှာကိုယ်လိုပဲ အားကစားလိုက်စားသူတွေနဲ့ ခင်မင်ရင်းနှီးလာနိုင်တာကြောင့် သင့်ကိုမိတ်ဆွေအသစ်ေတွေတောင်ရလာနိုင်ပါတယ်။

(၃) ကော်ဖီဆိုင်

ကော်ဖီကြိုက်သူတစ်ယောက်ဆိုရင် အားလပ်ချိန်ကော်ဖီဆိုင်ထိုင်တာက အကောင်းဆုံး အပန်းဖြေစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကော်ဖီဆိုင်အများစုဟာ လှပတဲ့အပြင်အဆင်လေးတွေ စိတ်ကိုအေးချမ်းစေမယ့် သီချင်းအေးအေးလေးတွေဖွင့်ထားတတ်တာကြောင့် ကော်ဖီတစ်ခွက်ရဲ့အရသာကို ခံစားရင်းကောင်းကောင်းအနားယူလို့ရပါတယ်။

(၄) ပန်းချီပြခန်း

အနုပညာဖန်တီးမှုတွေက သင့်ရဲ့ နှလုံးသားကိုနွေးထွေးသွားစေတဲ့ခံစားချက်မျိုးရစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အားလပ်ချိန်မှာ ပန်းချီပြခန်းလိုနေရာလေးတွေကို သွားရောက်ပြီး လှပတဲ့ အနုပညာဖန်တီးချက်တွေကိုလေ့လာကြည့်ရှု့သင့်ပါတယ်။