အောင်မြင်မှုမှာ ဘယ်လိုအကြောင်းတွေ ဘယ်လောက်တောင် ပါဝင်နေသလဲဆိုတာ ပြောရခက်ပါတယ်။ သေချာတာကတော့ အခုပြောမယ့် အချက် ၄ ချက် ပါမယ် ဆိုတာပါပဲ။
(၁) Talent
ပင်ကိုယ်စွမ်းရည်ကောင်းမှုဆိုတာ အပြိုင်အဆိုင်ကိစ္စတွေမှာတင် မဟုတ်ပါဘူး။ လုပ်ငန်းကိစ္စ ၊ ပညာရေး ၊ လူမှုရေး ၊ ဘဝနဲ့ နေ့စဉ်ပြဿနာကိုင်တွယ်မှုအထိပါ အရေးပါတဲ့ အချက်တစ်ချက်ပါ။
ပင်ကိုယ်စွမ်းရည်ကောင်းရင် ကောင်းသလောက် အထက်ရောက်ဖို့ သေချာပါတယ်။ ပင်ကိုယ်စွမ်းရည်ဆိုတာ ကြိုးစားအားထုတ်မှု ဇွဲလုံ့လ ဝီရိယတွေနဲ့ ကုစားပြုပြင်လို့ရတာကြောင့် ဒီအချက်က ကိုယ့်ဘာသာဖြည့်လို့ရမယ့်အချက်ပါပဲ။
(၂) Sacrifice
အောင်မြင်ချင်ရင် စွန့်လွှတ် စွန့်စားရဲဖို့ လိုပါတယ်။ ဘဝမှာ အမြင့်ကြီး ရောက်သွားတဲ့သူတွေဟာ သူတို့ရဲ့ အိပ်မက်အတိုင်း ယုံကြည်ချက်အတိုင်း မယိမ်းမယိုင် သွားဖို့ တချို့အရာတွေကို စိတ်ပြတ်သားနိုင်ခဲ့သူတွေပါပဲ။
တစ်ခုတည်းကို စိုက်လိုက်မတ်တပ်လုပ်တယ်ဆိုတာ အတော်များများကို စွန့်လွှတ်ထားဖို့တော့ လိုတာပါပဲ။ ဒါကြောင့် အောင်မြင်ချင်ရင် ကိုယ့်ဘက်က ပေးဆပ်ရမှာတွေကို ကြိုပြင်ဆင်ထားပါလို့ ပြောချင်ပါတယ်။
(၃) Practice
ပင်ကိုယ်အစွမ်းအစလည်း ကောင်းတယ် ၊ စတေးရဲတဲ့စိတ်လည်း ရှိတယ်ဆိုရုံနဲ့ မဖြစ်သေးပါဘူး။ အောင်မြင်အောင် စဉ်ဆက်မပြတ်လေ့ကျင့် လေ့လာ နေဖို့ လိုပါတယ်။
ကြိုတင်ပြင်ဆင်မှု ကောင်းရင် စွမ်းဆောင်ရည်မကောင်းတာကို ဖာထေးနိုင်တယ် (Proper Preparation Prevents Poor Performance) ဆိုတဲ့ စကားရှိပါတယ်။ လေ့ကျင့်နေတယ်ဆိုတာ အောင်မြင်မှုကို အရယူဖို့ ပြင်ဆင်နေတာပါပဲ။
(၄) Gameplan
သင်က ဘယ်ကိုသွားမှာလဲလို့ မေးလိုက်တဲ့အခါ ချပြနိုင်တဲ့ မြေပုံဆိုတာ သင့်ရဲ့ Gameplan ပါပဲ။ အစီအစဉ်တွေဟာ အနိုင်နဲ့အရှုံးကို ခွဲခြားပေးတဲ့အရာ ဖြစ်ပါတယ်။
အစီအစဉ်ကောင်းတွေဟာ ကျရှုံးမှုတွေကို အလဲထိုးမှု အားပြင်းတဲ့ ချန်ပီယံလက်သီးချက်တွေ ဖြစ်ပါတယ်။ တစ်နေ့ချင်းကနေ ရေရှည်အထိ ကိုယ်သွားမယ့် Gameplan ထားရှိဖို့ တိုက်တွန်းချင်ပါတယ်။