လက်ရှိဆံပင်အရောင်ကို ပြောင်းဖို့စဉ်းစားနေတဲ့ သူတို့ရှိပါသလား။ တစ်ခါတစ်လေ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဆံပင်အရောင် ရွေးချယ်ရတာဟာ ဆံပင်စတိုင်လ် ရွေးချယ်ရတာထက် အနည်းငယ်ပိုပြီး ခက်ခဲနိုင်ပါတယ်။

ဆံပင်အရောင်ရွေးချယ်ရာမှာ မျက်နှာနဲ့ လိုက်မလိုက်နဲ့၊ မိမိရဲ့ အသားအရောင်ကိုပါ ထည့်သွင်းစဉ်းစား ရလို့ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ဆံပင်အရောင်ပြောင်းဖို့ စဉ်းစားနေတဲ့ သူတို့အတွက် ရွေးချယ်ရ လွယ်ကူစေရန် ဆံပင်ကာလာမျိုးစုံကို ဖော်ပြပေးချင်ပါတယ်။

(၁) အညိုရောင်

ဆံပင်ကာလာကို အနက်ရောင်လည်း မထားချင်ဘူး၊ အရမ်းတောက်တာလည်း မလိုချင်ဘူးဆိုရင် အညိုရောင် ကိုရွေးချယ်လိုက်ပါ။ အညိုရောင်က နွေးထွေးတဲ့ ပုံစံပေါက်စေပြီး အသားအရောက် မရွေးလိုက်ဖက်ပါတယ်။

ပုံသွင်းလောက်အောင်ရှည်တဲ့ ဆံပင်နဲ့ဆို ပိုမိုလိုက်ဖက် ပါတယ်။ ဒါ့အပြင် ဘယ်နေရာနဲ့မဆို လိုက်ဖက်ပြီး စတိုင်လ်ကျစေမှာ ဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေရတဲ့သူတို့လည်း ဆံပင်ကို အနက်ရောင်မထားချင်ဘူးဆိုရင် ဒီအညိုရောင်ကို ရွေးချယ်လိုက်ပါ။

(၂) ငွေရောင်

အလန်းစား ဆံပင်ကာလာကိုမှ ရွေးချယ်ချင်ရင် ငွေရောင်ကို စမ်းကြည့်လို့ရပါတယ်။ အမြဲဆန်းသစ်တဲ့ ဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိရင်တော့ ဆံပင်ကာလာ အတွက် ငွေရောင်ကို ရွေးချယ်တာဟာ လုံးဝကိုမှန်ကန်ပါတယ်။ ဒီအရောင်ဟာ ဆံပင်အတိုနဲ့ဖြစ်စေ၊ အရှည်နဲ့ဖြစ်စေ လိုက်ဖက်တဲ့ အရောင်ပါ။

(၃) အနီရင့်ရောင်

အနီရင့်ရောင်ကတော့ အလယ်အလတ်နဲ့ ပုံမှန် အသားအရောင်ရှိသော သူများနဲ့ လိုက်ဖက်ပါတယ်။ ဆံပင်ထူတဲ့သူတွေဆိုးဖို့ အကောင်းဆုံးရွေးချယ်မှုလည်း ဖြစ်ပါတယ်။ အရောင် ခပ်လန်းလန်းလေးနဲ့ တကယ်ကို မိမိုက်စေမှာပါ။

(၄) ရွှေအိုရောင်

ရွှေအိုရောင်က အမျိုးသား၊ အမျိုးသမီးမရွေးလိုက်ဖက်တဲ့ အရောင်ပဲဖြစ်ပါတယ်။ လူတော်တော်များများ ကြိုက်နှစ်သက်တဲ့ အရောင်ဆိုလည်း မမှားပါဘူး။ အလယ်အလတ် အသားအရေတို့နဲ့ ကောင်းစွာ လိုက်ဖက်ပြီး မျက်နှာကို လင်းစေတဲ့အရောင်ပဲ ဖြစ်ပါတယ်။

သပ်ရပ်တဲ့ ဆံပင်ပုံစံတွေနဲ့ လိုက်ဖက်တဲ့အပြင် လှိုင်းတွန့်ရှိတဲ့ ဆံပင်ပုံစံမျိုးနဲ့လည်း တကယ်ကို လိုက်ဖက်ပါတယ်။