စာဖတ်သူက ဝိတ်ကျဖို့ ကြိုးစားနေတဲ့သူတစ်ယောက်လား။ ဝိတ်ကျဖို့အတွက် ထိခိုက်ရောက်မှန်တဲ့ နည်းလမ်းတွေလိုသလို ဇွဲရှိဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။ ဒီနေ့မှာတော့ ဝိတ်ကျဖို့ အထောက်အကူဖြစ်စေမယ့် မနက်ခင်းအလေ့အထတချို့ကို ပြောပြပေးသွားချင်ပါတယ်။

(၁) ပရိုတင်းဓာတ်များများစားပါ

မနက်စာက လူတစ်ယောက်အတွက် အရမ်းကိုအရေးကြီးပါတယ်။ မနက်ခင်းမှာ ပရိုတင်းဓာတ်မြင့်မားစွာပါဝင်တဲ့ အစားစာတွေကို စားပေးမယ်ဆိုရင် ဆာလောင်မှုကို လျော့နည်းစေပြီး ကိုယ်အလေးအချိန်ကျဖို့ ကူညီပေးနိုင်ပါတယ်။

ဒါကြောင့်မနက်စာကို အာဟာရပြည့်ဝပြီး ပရိုတင်းဓာတ်ပါတဲ့ အသားနှင့်ငါးများ ကြက်ဥ ပဲအမျိုးမျိုး အစေ့အဆံတွေကို စားသုံးပေးသင့်ပါတယ်။

(၂) ရေများများသောက်ပါ

မနက်ခင်းအိပ်ယာနိုးတာနဲ့ ရေတစ်ခွက် (သို့) နှစ်ခွက်သောက်သုံးခြင်းဖြင့် နေ့သစ်ကို စတင်သင့်ပါတယ်။ မနက်ပိုင်းမှာ ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ကယ်လိုရီတွေကိုများများလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကျစေပါတယ်။

ဒါ့အပြင်ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ပြေစေပြီး အစားစာချင်စိတ်ကို လျော့ချပေးနိုင်တာကြောင့် မနက်ခင်းမှာ ရေအဝ သောက်ပေးသင့်ပါတယ်။

(၃) ဝိတ်ချိန်ပါ

လေ့လာဆန်းစစ်မှုတွေအရ မနက်ခင်းမှာ ကိုယ်အလေးချိန် ချိန်ခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းနဲ့ ဝိတ်ချခြင်းတို့အတွက် ရလဒ်ကောင်းရစေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မနက်စာမစားခင်အချိန်မှာ ကိုယ်အလေးချိန်ချိန်ပါ။

ဒီနည်းဟာ သင့်ရဲ့ ကိုယ်အလေးချိန်အမှန်ကို သိရစေပြီး တစ်နေ့တာလုံး စိတ်လွတ်လက်လွတ်စားသောက်မိခြင်းတို့ကို ထိန်းချုပ်သွားစေနိုင်တဲ့ အကောင်းဆုံးစိတ်ခွန်အားရစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်ပါ

မနက်ခင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သလို ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။ မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်ထားမယ်ဆိုရင် ခန္ဓာကိုယ်သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာကြောင့် အစားစာချင်စိတ်နဲ့ ဆာလောင်မွတ်သိပ်မှုတွေကို လျော့ချပေးပါလိမ့်မယ်။

ဒါကြောင့် မနက်ခင်းမှာ ၄၅ မိနစ်လောက်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သင့်ပါတယ်။