ဟန်ချက်မျှတဲ့ မျက်နှာတစ်ခုဟာ မချောမလှတောင် ကြည့်လို့ကောင်းတဲ့ မျက်နှာမျိုးပါပဲ။ ဒါကိုပဲ Facial Symmetry ဖြစ်တယ်လို့ ခေါ်ကြတာပါ။ မျက်နှာအချိုးအဆစ် ပြေပြစ်ကျနဖို့အတွက် ပြုပြင်ယူလို့ ရပါတယ်။

မျက်နှာပြင်တစ်သျှူး ကြွက်သားတွေကို လေ့ကျင့်ပေးရင် Facial Symmetry ဖြစ်ပါတယ်။ အချိုးအစားပြေပြစ်တင့်တယ်တဲ့ မျက်နှာပိုင်ရှင် ဖြစ်ဖို့ဆို အခုပြောမယ့် လေ့ကျင့်ခန်းလေးတွေ လုပ်ပေးနိုင်ပါတယ်။

(၁) မျက်တောင်ခတ်နည်း

မျက်တောင်လေးတွေကို ခပ်မှေးမှေးလုပ်ပြီး ပုတ်ခတ်ပုတ်ခတ်လုပ်ပေးရတာပါ။ ဒီလေ့ကျင့်ခန်းဟာ မျက်လုံးအောက်ပိုင်းနဲ့ ပါးအပေါ်ဘက်ခြမ်းက တစ်သျှူးတွေကို ဟန်ချက်မျှအောင် ချိန်ညှိပေးတာ ဖြစ်ပါတယ်။ အကြိမ် ၅၀ လောက် လုပ်ပေးရမှာပါ။ တစ်ကြိမ် မျက်တောင်ခတ်တိုင်း တစ်စက္ကန့်လောက် ထိန်းပေးထားပါ။

ပြီးရင် လက်တွေနဲ့ နားထင်ကို ထောက်ထားပြီး အရေပြားတွေကို အနောက်ဘက် ဖြည်းဖြည်းချင်း ပွတ်ဆွဲပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ပွတ်ဆွဲနေချိန်မှာ မျက်လုံးကို တင်းတင်းကြပ်ကြပ် မှိတ်ထားပါ။ တစ်ခါလုပ် အကြိမ် ၂၀ လောက် စမ်းကြည့်သင့်ပါတယ်။

(၂) မျက်နှာကြောလျှော့နည်း

မျက်နှာမော့ထားပြီး အပေါ်မျက်ခွံအောက်ထောင့်က ကြွက်သားတွေကို ဆွဲချထားပါ။ ပြီးရင် အားပါးတရပြုံးရမှာပါ။ ဒီလေ့ကျင့်ခန်းကို အကြိမ် ၂၀ လုပ်ပေးမယ်ဆိုရင် မျက်နှာကြွက်သားတွေ ဟန်ချက်မျှပြီး အရေပြားတွေ ကြည်လင်လန်းဆန်းစေမှာ ဖြစ်ပါတယ်။

(၃) ပါးပြင်တွေ တင်းအောင်ဆွဲနည်း

လက်ချောင်း သုံးချောင်းစီနဲ့ ပါးပြင်အပေါ်ခြမ်းကို ဖိထားပါ။ ပြီးရင် ကြွက်သားတွေကို အောက်ကျအောင် လက်ချောင်းအားနဲ့ ဆွဲဖိချပြီး လူက ပြုံးနေရမှာပါ။ ဂျိုကာပုံပေါက်နေမယ့် အပြုံးမျိုးပါပဲ။ ဒီလေ့ကျင့်ခန်းလုပ်နေချိန် ခေါင်းမလုပ်ပါနဲ့။ ပါးပြင်ပေါ် လက်ချောင်းထောက်ထားတာ ညီညာပါစေ။

(၄) မျက်နှာ ယောဂလေ့ကျင့်ခန်း

Facial Yoga ကစားတာ မျက်နှာပေါ် သွေးစီးဆင်းမှုအားကောင်းပြီး အသားအရေတင်းရင်းစေပါတယ်။ အရေပြား ပျော့တွဲနေတာတွေကို ပြုပြင်ပေးနိုင်ပြီး မျက်နှာကြွက်သားတွေ အချိုးကျစေပါတယ်။ တစ်နည်းက ပါးတွေဖောင်းတွေ ပါးစပ်နဲ့ လေရှုသွင်းပြီး နှတ်ခမ်းဘယ်ထောင့်ကနေ ညာထောင့်အတိုင်း လေထုတ်သွားပါ။

တစ်နေ့ငါးကြိမ်လုပ်သွားရင် ပါးရိုးမြင့်ပါတယ်။ နောက်တစ်နည်းက မျက်ခုံးပွင့် ၊ မျက်လုံးဖွင့်ပြီး လျှာထုတ်ထားရမှာပါ။ တစ်မိနစ်လောက် ဒီအတိုင်း ထိန်းထားတဲ့ပုံစံနဲ့ ၁၀ ကျော့ ကစားပေးရမှာပါ။

နောက်တစ်နည်းက နှုတ်ခမ်းကို ဝိုင်းအောင်စူ ၊ မျက်လုံးတွေ တစ်နေရာတည်းစိုက်ကြည့်ထားပြီး ပြုံးတာပါ။ ပါးစပ်မလှုပ်အောင် ထားပြီး ပြုံးတာကိုလည်း ၁၀ ခါလုပ်ပေးရမှာပါ။ နောက်တစ်ခုက မျက်နှာဘေးနှစ်ဖက်ကို လက်ဖဝါးနဲ့ အုပ်ထားပြီး ပါးစပ်ပြဲအောင်ပြုံးပါ။

ပါးတွေကို လက်နဲ့တွန်းထားလို့ Facial Muscle တွေရဲ့ တွန်းအားကို ခံစားကြည့်ပါ။ ဒီနည်းလေးတွေက Facial Symmetrical ဖြစ်ဖို့ အ‌ထောက်အကူပြုသွားမှာပါ။