ဟောလိဝုဒ်ရုပ်ရှင်တွေဟာ များသောအားဖြင့် အဓိကသရုပ်ဆောင်တွေကို ဇာတ်လမ်းကာရိုက်တာနဲ့ ပြင်ပပုံစံ လုံးဝကွဲပြားသွားအောင် ထူးဆန်းတဲ့ပုံတွေ၊ ရုပ်ဆိုးတဲ့ပုံစံတွေ ဖန်တီးရိုက်ကူးတာ နှစ်သက်ကြပါတယ်။

ဒါပေမယ့် မိတ်ကပ်ပြန်ဖျက်လိုက်တဲ့အခါ ဒီလိုဇာတ်ကောင်မှာ သရုပ်ဆောင်တဲ့ မင်းသမီးတွေဟာ ဇာတ်ကောင်နဲ့လုံးဝမတူဘဲ တော်တော်လှပတာကို တွေ့ရမှာပါ။ ဒါက ဇာတ်လမ်းနဲ့ဇာတ်ကောင်စရိုက်ကို ပိုကြည့်ချင်အောင် ဆွဲဆောင်မှုရှိတာတွေ့ရပါတယ်။

ကဲ ဒါဆို လှပတဲ့မင်းသမီးလေးတွေနဲ့ သူတို့ရဲ့ ထူးထူးခြားခြား ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ရုပ်တွေကို ကြည့်ရအောင်ပါ။

(၁) America Ferrera – Betty Suarez

မင်းသမီး America Ferrera ပါဝင်သရုပ်ဆောင်ထားတဲ့ Ugly Betty ရုပ်သံစီးရီးဟာဆိုရင် အမေရိကန် လုပ်ငန်းခွင်အသိုင်းအဝိုင်းကို အမြင်သစ်တွေရစေခဲ့ပါတယ်။

သူမရဲ့ Betty Wuarez ကာရိုက်တာက အကျင့်စာရိတ္တအလွန်ကောင်းမွန်ပြီး အလုပ်ကြိုးစားတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မသပ်မရပ်ဆံပင်၊ မျက်နှာထူထူနဲ့ သွားမှာလဲအထိန်းတပ်ထားပြီး ခပ်ကြောင်ကြောင်အမူအရာနဲ့ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအဆုံးမှာတော့ သူမကိုယ်သူမ ပြောင်းလဲမှုတွေ လုပ်နိုင်ခဲ့တာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။

(၂) Taryn Manning – Tiffany Doggett

နာမည်ကြီးမင်းသမီးတဦးဖြစ်တဲ့ Taryn က Orange is the new black ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ဇာတ်ကောင်က အနောက်ပန်နင်ဆူလာအရပ်ကလာတဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ ပါဝင်ထားတာပါ။

ဒါပေမယ့်လည်း ထုံးစံအတိုင်း မိတ်ကပ်ပြုလုပ်ချက်တွေနဲ့ ရုပ်ဆိုးအောင်ပြုလုပ်ထားပြီး သွားတွေကိုပါ ဖျောက်ထားပါတယ်။

(၃) Elisabeth Moss – Peggy Olson

မင်းသမီး အဲလ်စဘတ်ကတော့ Mad Men ရုပ်သံဇာတ်လမ်းမှာ ရိုးသားပြီး မပြင်တတ်မဆင်တတ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ အမြင်စောင်းတာကိုခံရတဲ့ အတွင်းရေးမှူးမလေး Peggy Olson အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းထဲမှာဆိုရင် မင်းသမီးရဲ့ပုံစံက ရိုးလွန်းလွန်းလို့ လုပ်ဖော်ကိုင်ဘက်တွေက ဘယ်လိုပြောင်းလဲနေထိုင်သင့်တယ်ဆိုတာ ဝိုင်းပြောကြတဲ့အထိပါပဲ။

(၄) Naomi Grossman – Pepper

နာမည်ကျော် American Horror Story ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်တဲ့ မင်းသမီး Naomi Grossmanရဲ့ Pepper ဇာတ်ကောင်က လူသိများခဲ့ပါတယ်။

သူမဟာ ဒီရုပ်သံဇာတ်လမ်းတွဲအတွက် ဦးခေါင်း ပြောင်ပြောင်ရဖို့ သူမရဲ့ဆံပင်ကို ရိတ်ခဲ့ရပါတယ်။ တခြားရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် Peper ဇာတ်ကောင်ကတော့ သူမကိုလူတွေ အမြဲမှတ်မိနေမယ့် ဇာတ်ကောင်ပဲဖြစ်ပါတယ်။