မိန်းကလေးတွေရဲ့ နေ့စဉ် ပြဿနာတွေထဲမှာ အဝတ်ဗီရိုကိုဖွင့်ပြီး ဘာဝတ်ရမှန်းမသိတဲ့ အခိုက်အတန့်တွေကလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဒီလိုအခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ပျိုမေတို့မှာရှိတဲ့ ဖက်ရှင်တွေကိုအဆင်ပြေပြေ တွဲဖက်ဝတ်ဆင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

ယောက်ျားလေးဆန်တဲ့ပုံစံမျိုးလေးတွေကို ကြိုက်နှစ်သက်ပြီး သူငယ်ချင်းတွေနဲ့အပြင်သွားဖို့အတွက်ပဲဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ချင်တဲ့ အချိန်မျိုးတွေအတွက် သင့်တော်မှုရှိပါတယ်။ ရှပ်အကျီၤလေးရှိနေယုံနဲ့တင် ဒီလိုဖက်ရှင်ကျကျပုံစံမျိုးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

ရုံးသွားရမယ့်အချိန်တွေမှာ ဘာတွေဝတ်ရမှန်းမသိတော့လောက်အောင် ခေါင်းစားနေရပြီဆိုရင်တော့ ဖက်ရှင်လည်းကျစေမယ် ရုံးသွားရင် ဝတ်သွားဖို့လည်း အဆင်ပြေစေမယ့် ဒီလိုဖက်ရှင်မျိုးက သင့်ကိုယုံကြည်မှုလည်းရှိသွားစေမှာဖြစ်ပါတယ်။

ရှပ်အကျီလေးကို ဂျင်းဘောင်းဘီရှည်လေးနဲ့တွဲပြီး ဝတ်ဆင်တဲ့အခါမှာ ရှူးဖိနပ်ထက် ဒေါက်ဖိနပ်ကိုတွဲဖက်ပြီး ဝတ်ဆင်တာက ပျိုမေတို့ရဲ့စတိုင်ကို ပိုပြီးတော့ အထာကျနေစေပါတယ်။

မိန်းကလေးဆန်ဆန်ဝတ်ရတာတွေကို သဘောကျတဲ့ပျိုမေတို့အတွက် အဆင်ပြေစေမယ့်ဖက်ရှင်မျိုးပါပဲ။ အရောင်ကွဲမထွက်တဲ့ အရာတွေကိုတွဲဖက်ပြီး ဝတ်ဆင်တာကလည်း ဖက်ရှင်ဆန်းတစ်မျိုးပဲလေ။

ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့လေ ျှာက်လည်ဖို့ချိန်းထားတာပဲဖြစ်ဖြစ်၊ ကျောင်းသွားဖို့ရှိတဲ့ရက်တွေမှာလည်း လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ဖြစ်စေဖို့ ဒီဖက်ရှင်မျိုးဆိုရင်လည်း သင့်တော်ပါတယ်နော်။

ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နေရတာကို သဘောကျတဲ့ပျိုမေတို့အနေနဲ့ ဒီလိုဖက်ရှင်မျိုးကလည်း မိန်းကလေးတစ်ယောက်ကို ချစ်စရာကောင်းစေပြီး နုပျိုတယ်လို့ထင်ရစေနိုင်ပါတယ်။