စိတ်ဖိစီးမှုတွေများနေလို့ အိပ်ရေး၀၀မအိပ်ဖြစ်ဘူး။ အိပ်လိုက်ရင်လည်း​ နှစ်နှစ်ခြိုက်ခြိုက်မရှိဘူးဖြစ်နေတယ်။ လူတစ်ယောက်ရဲ့အိပ်ချိန်က အနည်းဆုံး ၆ နာရီရှိသင့်ပါတယ်။ ၂ နာရီကနေ ၄ နာရီအချိန်တွေ နှစ်ခြိုက်စွာအိပ်ပျော်စေတဲ့ အချိန်တွေဖြစ်ပါတယ်။ အိပ်ရေးမ၀တဲ့အခါ အလုပ်မှာလည်း အာရုံမစိုက်နိုင်သလို ပေါ့ပေါ့ပါးပါးမရှိတဲ့အတွက် အရာရာတိုင်းလေးပင်နေတတ်ပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ဆိုရင် စိတ်ကိုလည်းမဖိစီးအောင် နေသင့်သလို လေ့ကျင့်ခန်းလေးတွေလည်း ပြုလုပ်ပေးသင့်ပါတယ်။ အိပ်ရာမဝင်ခင် လုပ်သင့်တဲ့လေ့ကျင့်ခန်းလေးတွေက

ခြေထောက်ထောင်ပါ

ကိုယ့်အခန်းရဲ့ နံရံ ဒါမှမဟုတ် သက်တောက်သက်သာဖြစ်ပြီး ခြေထောက်ထောင်လို့ အဆင်ပြေတဲ့နံရံတစ်ခုကိုနေရာယူပါ။ ခေါင်အုံးပေါ်ကို တင်ပါးတင်ပြီး ခြေထောက်နှစ်ချောင်းကို နံရံပေါ်မှီတင်ထားပါ။ လက်နှစ်ဖက်ကိုတော့ အဆင်ပြေသလိုနေလို့ရပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ နံရံနဲ့ကပ်နေအောင်ထားပေးရပါမယ်။ မိနစ်၂၀ ကနေ ၃၀ ထိဒီပုံစံအတိုင်းနေပေးရမှာ ဖြစ်ပါတယ်။

အကြောလျော့ပါ

ဒီလေ့ကျင့်ခန်းလေးက အိပ်ရာပေါ်မှာဖြစ်ဖြစ်၊  yoga mat ပေါ်မှာဖြစ်ဖြစ်ပြုလုပ်လို့ရပါတယ်။ ခန္ဓာကိုယ်ကို ပက်လက်အနေထားလုပ်ပြီး ဒူးကိုကွေးလိုက်ပါ။ လက်နှစ်ဖက်ကိုတော့ ဒူးနှစ်ဖက်ကိုကွေးလိုက်ဆန့်လိုက်လုပ်လို့ရအောင် အားပြုပြီးကိုင်ထားပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ်မှ ၂၀ ထိလုပ်ပေးနိုင်ပါတယ်။

ကျောရိုးကြွက်သားကိုဖြေလျော့ပေးပါ

ခန္ဓာကိုယ်ကို ပက်လက်အနေထားပါ။ ခြေတောက်တစ်ဖက်ကို ရင်ဖက်နားထိရောက်အောင်ကွေးပေးပါ။ လက်ကလည်း ခြေတောကိုအားပြုပြီးဆွဲတင်ပေးလို့ရပါတယ်။ တစ်ဖက်ကိုအကြိမ်အရေ ၁၀ ကြိမ်ပြုလုပ်ပေးပြီး ၊ ဘယ်ခြေတစ်လှည့် ညာခြေတစ်ဖက် တစ်လှည့်စီလုပ်ပေးရပါမယ်။

Photo Source – Free.pik