မိုးရွာတဲ့နေ့တွေက ဒီရက်ပ်ိုင်း ရက်ပိုစိပ်လာပါတယ်။ ကတ္တီပါ ဖိနပ်တွေက မိုးရာသီနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ရာသီအလိုက် ဖက်ရှင်ပုံစံ၊ ဖိနပ် စတာတွေကို ပြောင်းလဲ ဝတ်ဆင်တတ်ဖို့ လိုပါသေးတယ်။ မိုးရာသီမှာ မိုးစီးဖိနပ်တစ်ရံတော့ မဖြစ်မနေ ပိုင်ဆ်ိုင်ထားသင့်ပါတယ်။ မဟုတ်ရင် ရွှံ့၊ ဗွက်တွေ အင်္ကျီမှာ လာပေနိုင်သလို လမ်းလျှောက်ရတာလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။
အခုဖော်ပြထားတဲ့ ဖိနပ်ပုံစံတွေက မိုးရာသီနဲ့သာမက ရာသီအမျိုးမျိုးမှာ အသုံးဝင်မယ့် ဖိနပ်တွေ ဖြစ်တာမို့ ပျိုမေတို့အတွက် အဆင်ပြေမှာပါ။ ဒီတော့ ပျိုမေတို့ ပိုင်ဆိုင်ထားသင့်တဲ့ မိုးရာသီနဲ့ လိုက်ဖက်တဲ့ ဖိနပ်တွေကို ကြည့်လိုက်ရအောင်-

ကွင်းစွတ်ကိုမှ ဖိနပ်ကြိုးနဲ့ ထိပ်ပိတ်ဖိနပ်

ခြေဖျားထိပ်လေးတွေ ရေမစိုချင်သူတွေအတွက် ဒီဖိနပ်ပုံစံက အဆင်ပြေမှာပါ။ ဒါပေမဲ့ ရေထဲမှာ အကြာကြီး နေမယ်ဆိုရင်တော့ ဖိနပ်ထဲ ရေဝင်နိုင်ချေ ရှိပါတယ်။
ကွင်းစွတ် ဖိနပ်ပါး

ကွင်းစွတ် ဖိနပ် ပါးပါးလေးက ရေစိုခံတဲ့အပြင် ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပါတယ်။
ဘဲလေးဖိနပ်

Photo Source: IndiaMART

ဘဲလေးဖိနပ်ကိုမှ ချည်သား၊ ပိတ်စနဲ့ မဟုတ်ဘဲ မိုးရာသီအတွက် ထုတ်ထားတဲ့ အသားမျိုး ဘဲလေးဖိနပ်ကလည်း မိန်းကလေး ဆန်ဆန် လှချင်သူတွေနဲ့ အဆင်ပြေပါတယ်။
ဘွတ်ဖိနပ်

ဘွတ်ဖိနပ်အမည်းကိုမှ အရှည်ဝတ်နိုင်သလို ခြေမျက်စိအောက် ဖိနပ်တွေကလည်း မိုးတွင်းနဲ့ အဆင်ပြေပါတယ်။ စတိုင်ထုတ်ချင်တဲ့ ပျိုမေတွေအဖို့ ဘွတ်ဖိနပ်က အသင့်တော်ဆုံးပါပဲ။
ကွင်းစွတ်ကိုမှ ကြိုးသိုင်းဖိနပ်


ရာဘာသားနဲ့ လုပ်ထားတဲ့ ကြိုးသိုင်းဖိနပ်တွေကတော့ မိုးရာသီအတွက် သီးသန့်ထုတ်ထားတဲ့ ဖိနပ်တွေ ဖြစ်တာမို့ ပျိုမေတို့ အကြိုက်တွေ့မှာပါ။ အနက်ရောင်ကတော့ အပေအတေ ခံပြီး ပျိုမေအများစု စီးလေ့ရှိပါတယ်။
ကြိုးသိုင်းကိုမှ ဒေါက်ပါတာ


ဖိနပ်ကွင်းစွတ်တွေ မစီးချင်တဲ့ ပျိုမေတွေအနေနဲ့ မိုးရာသီစီး ဒေါက်အထူပါတဲ့ ဖိနပ်တွေက အဆင်ပြေပါတယ်။ ဒီဒေါက်တွေက လမ်းလျှောက်လိုက်ရင်လည်း ရွံ့စင်တာ နည်းပါတယ်။
ဖဲပြားလေးနဲ့ ဖိနပ်


ဖဲပြားလေးပါပြီး ရာဘာသား ဖိနပ်က သက်တောင့်သက်သာ ရှိစေပြီး ရေစိုခံတဲ့ ဖိနပ်ပါ။ Cute Type လေး ကြိုက်တဲ့ ပျိုမေတို့နဲ့ အဆင်ပြေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar