ညဉ့်နက်လေ ဗိုက်ပိုဆာလေဆိုတဲ့ အလေ့အထတစ်ခု လူအများစုရှိတတ်ကြပါတယ်။ တစ်ခုခုမစားပဲ အောင့်အီးနေလေ ဗိုက်ပိုဆာလေဖြစ်ပြီး အိပ်လို့မပျော်တဲ့ ရက်မျိုးတွေလည်း ကြုံဖူးကြမယ်ထင်ပါတယ်။

ဒါပေမယ့် သင်ဟာ ညဘက်ဗိုက်ဆာတတ်တဲ့ လူတစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့်အစားအစာတွေကို အိပ်ခါနီးအချိန်မှာ လုံးဝမစားဖို့ အကြံပြုလိုပါတယ်။

(၁) ကော်ဖီ

ကော်ဖီမှာ စိတ်ကိုလန်းဆန်းတက်ကြွက်စေတဲ့ Caffeine ဓာတ်တွေများစွာပါတယ်။ အိပ်ချိန်နီးမှ ကော်ဖီသောက်လိုက်မယ်ဆိုရင် ကော်ဖီမှာပါတဲ့ Caffeine ဓာတ်က သင့်ရဲ့ဦးနှောက်ကိုလန်းဆန်းနေစေပြီး မျက်စိကြောင်ကာ တော်ရုံအိပ်ပျော်ဖို့ ခက်ခဲသွားလိမ့်မယ်။

ဒါကြောင့် သင်ဟာကော်ဖီကြိုက်သူ တစ်ယောက်ဆိုရင် အိပ်ချိန်နဲ့ အနည်းဆုံး (၃) နာရီခွာပြီးမှ ကော်ဖီသောက်သုံးဖို့ အကြုံပြုလိုပါတယ်။

(၂) ပန်းသီး

ပန်းသီးမှာ ခန္ဓာကိုယ်အတွက်ကောင်းကျိုးပြုစေတဲ့ ဖိုင်ဘာဓာတ် ၊ ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကိုနှာင့်နှေးစေတာကြောင့် တစ်ခါစားပြီးရုံနဲ့ အချိန်တော်တော်ကြာအောင် အဆာခံနိုင်ပါတယ်။

ဒါကြောင့် ပန်းသီးဟာ ဝိတ်ချနေသူတွေအတွက် အထူးသင့်တော်တဲ့ အစားအစာတစ်ခုပါ။ ဒါပေမယ့် အိပ်ချိန်နီးမှ စားမယ်ဆိုရင်တော့ အစာမကြေခြင်း ရင်ပြည့်ရင်ကယ်ခြင်းစတဲ့ ပြသနာတွေဖြစ်လာနိုင်တာကြောင့် ညဘက်မှာစားသုံးဖို့တော့ မသင့်တော်ပါဘူး။

(၃) အမြန်စား အစားအစာများ

Fast Food လို့ခေါ်တဲ့ အမြန်စား အသင့်စား အစားစားတွေကလည်း ညဘက်အိပ်ခါနီး လုံးဝမစားသင့်ပါဘူး။ ညဘက်ဗိုက်ဆာတဲ့အခါ တော်တော်များများက အာလူးကြော် ဘာဂါ ပေါက်ပေါက်ဆုပ် ခေါက်ဆွဲခြောက်စတဲ့ အသင့်စားသုံးနိုင်တဲ့ အစားစားတွေ လွယ်လွယ်ကူကူပဲ စားတတ်ကြပါတယ်။

အဆိုပါ အစားစားတွေဟာ ကယ်လိုရီတွေများစွာ ပါဝင်နေတာကြောင့် အိပ်ခါနီးစားတဲ့အခါ ကိုယ်အလေးချိန်တက်နိုင်ချေများပြီး အဝလွန်စေမှာဖြစ်ပါတယ်။

(၄) အသင့်သောက်အချိုရည်

အသင့်သောက်သုံးနိုင်တဲ့ အချိုရည်အများစုဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် ဝိတ်တက်ဖို့များစွာ အထောက်အပံ့ဖြစ်စေပါတယ်။ သင့်အနေနဲ့ ညဘက်မှာအချိုရည်များစွာ သောက်သုံးပါ ဝိတ်တက်နိုင်ပြီး၊ ဆီးချိုရောဂါ သွေးချို ရောဂါဖြစ်နိုင်ခြေလည်း ပိုများလာပါလိမ့်မယ်။

သင့်အနေနဲ့ ဖျော်ရည်သောက်ရတာ ကြိုက်တဲ့သူဆိုရင်တော့ သဘာဝအသီးဖျော်ရည် ၊ မကျည်းဖျော်ရည် စတဲ့ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ ဖျော်ရည်တွေကိုသာသောက်သုံးဖို့ အကြံပြုချင်ပါတယ်။

(၅) အရက်

ညဘက်အိပ်မပျော်ရင် အရက်သောက်ပါဆိုတာ တကယ့်ကို မှားယွင်းစွာ လက်ခံထားကြတဲ့ အယူအဆတစ်ခုပါ။ အရက်က သင့်ကိုအိပ်ပျော်သွားစေတာ မှန်ပေမယ့် အရက်သောက်ထားတဲ့ဒဏ်ကြောင့် ကောင်းစွာအိပ်ပျော်မှာ မဟုတ်ပါဘူး။

ဆိုလိုတာက အရက်သောက်ထားလို့ လူက အိပ်ပျော်နေပေမယ့် ခန္ဓာကိုယ်က ဟိုလှိမ့်ဒီလှိမ့်နဲ့ ကောင်းကောင်းအိပ်ပျော်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီးအရက်သောက်ခြင်းကို ရှောင်ကျဉ်ဖို့ တိုက်တွန်းလိုပါတယ်။