အစားအသောက် အနေအထိုင်ဟာ လူရဲ့ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲစေရာမှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ အရွယ်မတိုင်ခင် ရုပ်ရင့်နေတယ်ဆိုတာ ကျန်းမာရေးထိခိုက်လာတာကြောင့်အပြင် ရုပ်ရင့်စေတဲ့ အစားအစာတွေ စားမိလို့ ဖြစ်နိုင်ပါတယ်။

အရွယ်မတိုင်ခင် သူ့အရွယ်နဲ့ သူ့အဆင် တင့်တယ်စေဖို့အတွက် ဒီလိုအစားအစာတွေကို လျှော့စားမယ်ဆိုရင် ပိုပြီး အရွယ်တင်စေမှာပါ။

(၁) အချိုစာများ

Source:The Healthy Eating Club

သကြားအစားများခြင်းဟာ အသားအရေပျက်စီးမှု မြင့်စေပါတယ်။ ဒီဘက်ခေတ်မှာ သကြားဓါတ်အလွန်အကျွံစားသုံးမှုဟာ သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိနေပါတယ်။

(၂) တူးခြစ်နေတဲ့ အသား

Source: pexels

အသားကင်တွေ သိပ်စားမိနေတယ်ဆိုရင် ဒီနေ့ကစပြီး ကိုယ့်ရုပ်ရည် မပျက်စီးစေဖို့ ထိန်းသင့်ပါပြီ။ ကျွမ်းနေအောင် မီးပူပေးထားတဲ့ အသားဟာ အရေပြားပေါ်က ကိုလာဂျင်တွေကို ဖြဲခွဲတာကြောင့ ်ရုပ်ရင့်စေပါတယ်။

(၃) ပြုပြင်ထားတဲ့ ကာဗွန်ဟိုက်ဒရိတ်စာများ

ကာဗွန်ဟိုက်ဒရိတ်ဟာ သကြားသန့်သန့်ကနေ ပြန်ပြီး ထုတ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အသားအရေ တင်းရင်းမှုကို ထိခိုက်စေပြီး အရွယ်ရင့်မှုကို အားပေးပါတယ်။ တစ်ခုရှိတာက ကာဗွန်ဟိုက်ဒရိတ်ကို ဂျုံ ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ပေါင်းပြီး စားမယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းပါတယ်။

(၄) ဝိုင်ဖြူ

Source: Times Now

အရက်ဟာ ခံတွင်းခြောက်စေပြီး သွားရည်ကို ခန်းစေပါတယ်။ ဒါကြောင့် ဘက်တီးရီးယား မျိုးပွားမှုကို အားပေးရာရောက်ပြီး သွားနဲ့ ခံတွင်းပြဿနာ ဖြစ်စေပါတယ်။ ဝိုင်ဖြူမှာ ပါတဲ့အက်စစ်ဓါတ်ကြောင့် သွားစွယ်တွေ စားသွားပြီး သွားပိုးပေါက်တွေ ဖြစ်စေနိုင်ပါတယ်။

(၅) မာဂျရင်း

ထောပတ်အစားထိုးသုံးတဲ့ မာဂျရင်းဟာ အရေပြားကို ထိခိုက်နိုင်စေတယ်လို့ သုတေသနတွေက ဆိုထားပါတယ်။ မာဂျရင်းစားတဲ့ သူတွေဟာ မစားတဲ့ သူတွေထက် ပါးရေနားရေတွေ ပိုလိမ့်နိုင်မှာ ဖြစ်ပါတယ်။

(၆) ဆားဓါတ်များတဲ့ အစားအစာများ

အာလူကြော်လိုမျိုး ဆားပါဝင်မှုမြင့်တဲ့ အစားအစာတွေကလည်း အရွယ်တင်ချင်သူတွေ ရှောင်သင့်တဲ့ အစားအစာတွေပါ။

(၇) သံပုရာရည်

ကောင်းကျိုးတွေ အများကြီး ရှိပေမယ့် အက်စစ်ဓါတ်ကြောင့် သွားကျန်းမာရေး ထိခိုက်နိုင်စေပါတယ်။

(၈) ကော်ဖီ

Source:CNN

ကော်ဖီ ၊ လက်ဖက်ရည်တို့ကလည်း အရေပြား ကျန်းမာရေးမှာ ရှောင်ရှားသင့်တဲ့ အစားအသောက်တွေပါ။

(၁၀) ပူစပ်စပ် အစားအစာများ

အရွယ်တင် နုပျိုချင်တယ်ဆိုရင်တော့ အစပ်ရှောင်ရမှာပါ။ အစပ်စားများရင် အသားကြမ်းတမ်းပြီး ရုပ်ရင့်လွယ်စေပါတယ်။