အားလုံးပဲမင်္ဂလာပါနော်။ လှပပြီး ကြည်လင်တဲ့ အသားအရေကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမယ့် ဈေးကြီးပေးဝယ်ရတဲ့ အလှကုန်ပစ္စည်းတွေပဲ အမြဲတမ်းသုံးနေလို့တော့အဆင်မပြေပါဘူး။ သဘာဝပစ္စည်းလေးတွေကိုလည်း အသုံးပြုပေးသင့်ပါတယ်။
၁။ ငှက်ပျောသီး
ငှက်ပျောသီးက သင့်အသားအရေကို စိုပြေစေပါတယ်။ ငှက်ပျောသီးမှည့်ကို ပြဲအောင်လုပ်ပြီး ပျားရည်၊ သံပယိုရည်နဲ့ရောကာ မျက်နှာကို လိမ်းပေးလိုက်ပါ။ ပြီးရင် ခဏလောက်ထားပြီး ရေဆေးချလိုက်ပါ။
၂။ ပျားရည်
ပျားရည်ကလည်း သင့်အသားအရေကို ဖြူဝင်းစေပါတယ်။ အမာရွတ်ကိုလည်း သက်သာစေပါတယ်။ နေ့စဉ်သုံးပေးမယ်ဆိုရင်တော့ အသားအရေကို စိုပြေစေမှာပါ။ ပျားရည်ကို မျက်နှာမှာလိမ်းပေးပြီး မိနစ်အနည်းငယ်လောက်ပွတ်ပေးလိုက်ပါ။ ပြီးရင်ရေဆေးချလိုက်ပါ။
၃။ သင်္ဘောသီး
သင်္ဘောသီးမှည့်က သင့်အသားအရေကို ဖြူဝင်းစေသလို ဝက်ခြံနဲ့အမာရွတ်တွေကိုလည်း သက်သာစေပါတယ်။ ဆဲလ်သေတွေကိုလည်းဖယ်ရှားပေးပါတယ်။ သဘောၤသီးကိုပြဲသွားအောင်လုပ်ပြီး သင့်မျက်နှာနဲ့ လည်ပင်းကိုလိမ်းပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။
၄။ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ကလည်း သင့်အသားအရေကို ကောင်းမွန်စေပါတယ်။ ဗီတာမင်ဓာတ်တွေ၊ Anti-oxidant တွေပါဝင်ပြီး အသာအးရေကို ကြည်လင်စေပါတယ်။
၅။ ကြက်ဥ
ကြက်ဥအကာကလည်း ချွေးပေါက်ကျယ်တာကို ကျဉ်းစေပါတယ်။ ကြက်ဥအကာနဲ့ သံပုယိုရည်လေးရောပြီး သင့်မျက်နှာတစ်ခုလုံးကိုလိမ်းပေးလိုက်ပါ။ ပြီးရင်ခဏလောက်လေးထားပြီး ရေဆေးချလိုက်ပါ။
Source: www.blushbabe.com