ချွေးနည်းနည်းထွက်လိုက်တာနဲ့ ကိုယ်နံ့ပြင်းတာကလည်း တကယ့်ပြဿနာပါပဲ။ ကိုယ်နံ့ဆိုးတဲ့သူနဲ့ဆို လူတော်တော်များများကလည်း နီးနီးကပ်ကပ် စကားတောင် မိုးတိုးမတ်တပ်စာ ပြောချင်ကြတာ မဟုတ်ပါဘူး။ များသောအားဖြင့် ကိုယ်နံ့ဟာ မျိုးရိုးဗီဇနဲ့ဆိုတယ်ဆိုပေမယ့် ကိုယ်စားသောက်လိုက်တဲ့ အစားအသောက်ကလည်း ကိုယ်နံ့ဆိုးအောင်/မနံအောင် တတ်နိုင်စွမ်းရှိပါတယ်။ ဒီတစ်ခေါက်မှာ ကိုယ်နံ့ဆိုးတဲ့သူတွေ စားပေးသင့်တဲ့ အစားအသောက်တချို့ကို မျှဝေသွားမှာပါ။
(၁) ဒိန်ချဉ်
Photo: Brightside Me
နွားနို့နဲ့ ဒိန်ချဉ်ဆိုရင် ဒိန်ချဉ်စားပါလို့ ပြောချင်ပါတယ်။ နွားနို့မှာ ကိုယ်နံ့ကို ပိုထွက်စေတဲ့ Choline ပါလို့ ဖြစ်ပါတယ်။ ဒိန်ချဉ်မှာတော့ အနံ့ဆိုးထွက်စေတဲ့ ဒြပ်ပေါင်းပမာဏ နည်းလို့ပါ။ နောက်ပြီး ဒိန်ချဉ်ထဲမှာ ပါတဲ့ ဗိုက်တာမင်ဒီဟာ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေ တိုက်ဖျက်ရာမှာ ကူညီပေးတာကြောင့် ခံတွင်းနံ့ဆိုးမှု သက်သာစေပါတယ်။
(၂) ရေနွေးကြမ်း
Photo: Brightside Me
ဆေးဖက်ဝင် လက်ဖက်ရည်ဟာ ဓါတ်တိုးဆန့်ကျင်မှုတွေ အပြည့်ပါတဲ့ သောက်စရာတစ်ခုဖြစ်ပါတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေ လျော့ပါးစေပြီး ကိုယ်နံ့ကို ပိုမို ကောင်းမွန်စေနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ကိုယ်နံ့ကောင်းချင်ရင် ကော်ဖီ နဲ့ ကဖိန်းပါတဲ့ အဖျော်တွေအစား ရေနွေးကြမ်းသောက်ပေးသင့်ပါတယ်။
(၃) ပန်းသီး
Photo: Brightside Me
ပန်းသီးမှာ ပါတဲ့ သဘာဝသန့်စင်မှု ဂုဏ်သတ္တိတွေကြောင့် ခံတွင်းနံ့ဆိုးတာ ကာကွယ်နိုင်ပါတယ်။ ပန်းသီးနဲ့ ဆန့်ကျင်ဘက်က ပန်းဂေါ်ဖီဖြစ်ပါတယ်။ ပန်းဂေါ်ဖီတွေမှာ ကိုယ်နံ့ပိုဆိုးစေတဲ့ Choline ဓါတ် ပါလို့ ဖြစ်ပါတယ်။
(၄) လိမ္မော်သီး
Photo: Brightside Me
အချဉ်ဓါတ်ပါတဲ့ အသီးတွေဟာ ရနံ့သင်းပျံ့သလို ကိုယ်ခန္ဓာကနေလည်း အလွယ်တကူ စုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဒီလိုစုပ်ယူနိုင်လို့ပဲ ကိုယ်နံ့ မဆိုးအောင်ထိန်းထားနိုင်တာ ဖြစ်ပါတယ်။
(၅) ငါး
Photo: Brightside Me
အနီရောင် အသားစားတဲ့သူတွေဟာ ကိုယ်နံ့ပိုဆိုးနိုင်ပါတယ်။ နှစ်ပတ်လောက် အသားစားတာ ဖြတ်လိုက်တာနဲ့ သိသာတဲ့ ပြောင်းလဲမှုကို ခံစားရမှာပါ။ ငါးကတော့ အစာကြေညက်လွယ်သလို မခံသာတဲ့အနံ့မျိုးလည်း စွန့်ထုတ်မှု မရှိပါဘူး။ ဒါကြောင့် ကောင်မလေးနဲ့ ချိန်းထားတဲ့နေ့မှာ အနီရောင် အမဲသားလိုမျိုးထက် ငါးဟင်းပဲ စားသွားဖို့ အကြံပြုလိုက်ရပါတယ်။