အစားအသောက်တွေဟာ စိတ်အခြေအနေကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ကိုယ်ရောစိတ်ပါ ကျန်းမာစေဖို့ ကိုယ်စားတဲ့ အစားအသောက်တွေပေါ်မှာ သတိပြုဖို့ တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။၂၀၁၇ ခုနှစ်က လေ့လာမှုတစ်ခုအရဆိုရင် အတော်အသင့်ကနေ ဆိုးရွားတဲ့ စိတ်ခံစားချက် ကျဆင်းနေသူတွေကို အာဟာရဆိုင်ရာ တိုင်ပင်ဆွေးနွေးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ ၁၂ ပတ် ကြာ စားစေရာမှာ အခြေအနေတိုးတက်လာတယ်လို့ ဆိုပါတယ်။

ဒီသုတေသနကို ကြည့်ခြင်းအားဖြင့် အစားအသောက်ရွေးချယ်စားသောက်မှု မှန်ရင် အကောင်းမြင်စိတ်တွေ ၊ စွမ်းအင်နဲ့ အာရုံစူးစိုက်မှုစတဲ့ Mood တွေ မြင့်တက်လာမယ်လို့ ပြောနိုင်ပါတယ်။ Mood ကောင်းအောင် ကူညီပေးနိုင်တယ်လို့ နာမည်ကြီးတဲ့ အစားအသောက်အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) အဆီများတဲ့ ငါး‌တွေ

Steaks of chum salmon raw with spices, herbs, salt and lemon on old stone surface

Photo: Freepik

ဆယ်လ်မွန် ၊ ဆာဒင်း ၊ တူနာ ၊ မက်ကဲရား ၊ ငါးသလောက် စတဲ့ အဆီများတဲ့ ငါးတွေမှာ ဗိုက်တာမင်ဒီအရင်းအမြစ် မြင့်မားစွာ ပါရှိပါတယ်။ ဗိုက်တာမင်ဒီဟာ စိတ်ခံစားချက် ထိန်းညှိပေးနိုင်စွမ်း ရှိပြီး စိတ်ဓါတ်ကျခြင်းကို သက်သာစေနိုင်တဲ့ ဓါတ်ဖြစ်ပါတယ်။ ဗိုက်တာမင်ဒီကို နေရောင်ခြည်ကနေ အများဆုံး ရပါတယ်။

နို့ထွက်ပစ္စည်းတွေ ၊ ကြက်ဥအနှစ် ၊ အမည်းအသည်းတို့ကနလည်း ရနိုင်ပါတယ်။ Oily Fishes တွေ စားမယ်ဆိုရင် တခြားအကျိုးကျေးဇူးအနေနဲ့ မောပန်းနွမ်းနယ်မှု သက်သာစေပြီး နှလုံးကျန်းမာရေး အားပေးပါတယ်။ ဒါကြောင့် အဆီများတဲ့ ငါးတွ စားပေးတာဟာ တက်ကြွရွှင်လန်းပြီး အမောအပန်းသက်သာစေတဲ့ အကျိုးလည်း ရမှာ ဖြစ်ပါတယ်။

(၂) ဟင်းသီးဟင်းရွက်တွေ

Vegetables in a basket on a dark background

Photo: Freepik

အသီးအရွက်တွေ စားတာကလည်း စိတ်ခံစားချက် အရည်အသွေးကျဆင်းတာကို တိုက်ဖျက်ရာမှာ ထိရောက်မှုရှိပါတယ်။ အစိမ်ရင့်ရောင် အသီးအရွက်တွေမှာ Folate ဆိုတဲ့ ဓါတ်ပါရှိပါတယ်။ စိတ်ခံစားမှုမကောင်းတဲ့သူတွေ ၊ စိတ်ဓါတ်ကျနေတဲ့သူတွေမှာ ပုံမှန်လူတွေထက် Folate ဓါတ် နည်းနေတတ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေမှာ ဗိုက်တာမင် အေ ၊ စီ ၊ အီးနဲ့ ကေတို့လည်း ပါဝင်တာကြောင့် ဦးနှောက်လုပ်ဆာင်ချက် ထိန်းသိမ်းပေးပြီး ကိုယ်ခံအားစနစ်ကို သန်မာစေပါတယ်။ ဒါကြောင့် Mood ကောင်းချင်ရင် ဘယ်ရီသီး ၊ Oats ဂျုံ ၊ ငှက်ပျောသီး ၊ အစေ့အဆန် ၊ ပန်းပွင့်စိမ်းနဲ့ ကညွတ်လို အသီးအရွက်တွေ စားပေးဖို့ တိုက်တွန်းချင်ပါတယ်။

(၃) သစ်ကြားသီး

pecan nuts

Photo: Freepik

Omega-3 Fatty Acids ဟာ ကိုယ်တွင်းမှာ ကျန်းမာတဲ့သွေးတွင်းသကြားဓါတ် ထိန်းညှိပေးနိုင်တဲ့ ပရိုတိန်းအရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒါတွေကို မရှိမဖြစ်လိုအပ်တဲ့ အဆီတွေ Essential Fats တွေလို့လည်း ခေါ်ပါတယ်။ ဒါတွေကို လူ့ကိုယ်ခန္ဓာက မထုတ်နိုင်လို့ ပြင်ပအစားအသောက်ကနေ ရယူရပါတယ်။
သစ်ကြားသီးမှာ Omega-3 ကြွယ်ဝလို့ ဦးနှောက်ကျန်းမာရေး အားပေးပြီး သွေးဖိအား ကျဆင်းစေပါတယ်။ စိတ်ဓါတ်ကျသူတွေကိုဆို ဆရာဝန်တွေက တစ်ရက်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာလောက် စားပေးဖို့ အကြံပြုကြပါတယ်။