အားလုံးပဲမင်္ဂလာပါနော်။ ညသန်းခေါင်ချိန်မှာ ဗိုက်ဆာတတ်တဲ့ သူတွေအတွက် ဝိတ်တက်မှာလည်း စိတ်ပူစရာမလို၊ အစာချေစနစ်အတွက်လည်း စိတ်ပူစရာမလိုဘဲ စားသုံးနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။

နည်းနည်းလေးစားလိုက်တာနဲ့လည်း ဗိုက်ပြည့်ပြီး အများကြီးလည်း မစားမိစေတဲ့ အစားအစာတွေကို မျှဝေပေးသွားပါမယ်နော်။

၁။ ချိစ်

ချိစ်က ဗိုက်ဆာလို့ အိပ်ရခက်တဲ့ ပြဿနာကိုဖြေရှင်းပေးပါလိမ့်မယ်။

၂။ ဒိန်ချဉ်

ဒိန်ချဉ်က ဝိတ်ချနေတဲ့သူတွေအတွက်လည်းအဆင်ပြေသလို ပရိုတင်းပါဝင်လို့ သင့်ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။

၃။ Cracker

Cracker မုန့်တွေကလည်း အစာချေစနစ်ကိုကောင်းမွန်စေပြီး ဗိုက်ပြည့်စေပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝစေမှာပါ။

၄။ ပေါက်ပေါက်စုပ်

အချိုမပါ၊ ဆားမပါတဲ့ ပေါက်ပေါက်စုပ်က သင့်ကို ဗိုက်ပြည့်စေသလို ကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်။

၅။ ဥများ

ဗိုက်စာနေရင် ကြက်ဥပြုတ်တစ်လုံးလောက် စားပြီး အိပ်ယာပြန်ဝင်ပေးနိုင်ပါတယ်။ ဗိုက်လည်းမပူစေပါဘူးတဲ့။

၆။ အသီးအနှံများ

အသီးအရွက် အသီးအနှံတွေကိုလည်း စားသုံးပေးနိုင်ပါတယ်။

၇။ ချယ်ရီသီးဖျော်ရည်

ချယ်ရီသီးဖျော်ရည်က အိပ်ရေးဝစေပြီး နှစ်ခြိုက်စွာအိပ်ပျောစေပါတယ်။

၈။ ငှက်ပျောသီး

ငှက်ပျောသီးက အစာချေစနစ်ကို ကောင်းမွန်စေပြီး အိပ်ရေးဝစေမှာပါ။

ညဖက်မစားသင့်တဲ့အစားအစာတွေကတော့

အချိုစာများ၊ ကိတ်မုန့်၊ အရက်ပါတဲ့အရည်များ၊ အငံနဲ့ အစပ်စာများဖြစ်ပါတယ်။

Source: www.brightside.me

By: MyStyle Myanmar