ခန္ဓာကိုယ်မှာလေ့ကျင့်ခန်းတွေလုပ်နေသော်လည်း ထင်သလောက်ကိုယ့်ရဲ့ကြွက်သားတွေက မသန်မာဘူးဖြစ်နေတယ်။ခန္ဓာကိုယ်မှာ ကြွက်သားအားနည်းခြင်း၊ ကြွက်သားများတင်းနေခြင်းစတဲ့ ပြဿနာတွေဖြစ်နေပြီလား။ ကြွက်သားတွေက Balance ဖြစ်နေဖို့လည်းလိုအပ်ပါတယ်။ လေ့ကျင့်ခန်းက ခန္ဓာကိုယ်အတွက် ၃၀ % လောက်ပဲဖြစ်ပြီး အစားအသောက်က ၇၀ % ဖြစ်ပါတယ်။ ကြွက်သားတွေ သန်မာပြီး လေ့ကျင့်ခန်းလုပ်ရာမှာလည်း အထောက်အကူပြုနိုင်ဖို့ ဘာတွေစားပေးဖို့လိုအပ်လဲ ဆိုတာမျှဝေပေးလိုက်ပါတယ်။

မြေပဲ

မြေပဲက ထောပတ်သီးတွေလိိုအခွံမာတဲ့အသီးမျိုးမဟုတ်ပေမယ့် မြေပဲမှာပါဝင်တဲ့ပရိုတိန်းဓာတ်ကပိုပြီးတော့ မြင့်မားပါတယ်နော်။လေ့လာမှုတစ်ခုအရဆိုရင် သက်ကြီးရွယ်အိုတွေကိုကျွေးပေးခြင်းက အသားဓာတ်ကိုအပြည့်အဝပေးနိုင်တဲ့ အစားစာတစ်ခုအနေနဲ့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ကြွက်သားကြီးထွားတဲ့အပြင် ခွန်းအားလည်းတိုးစေနိုင်ပါတယ်။

Quinoa 

Quinoa ကအစေ့အဆန်တစ်မျိုးတစ်မျိုးဖြစ်ပြီး ပရိုတိန်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်တွေ အပြည့်ပါဝင်တဲ့အတွက် ကြွက်သားကြီးထွားမှုကိုအားပေးနိုင်ပါတယ်။ကြွက်သားရဲ့ လှုပ်ဆောင်အားကိုလည်း အပြည့်အဝလုပ်ပေးနိုင်တဲ့ အစေ့တစ်မျိုးဖြစ်တဲ့အတွက် Gym ဆော့တဲ့သူတွေအတွက်တော့ မဖြစ်မနေစားပေးသင့်ပါတယ်နော်။

တို့ဟူး 

တို့ဟူးကတော့ အသားမစားတဲ့ သက်သက်လွတ်သမားတွေအတွက်တော့ အကောင်းဆုံးပရိုတိန်းဖြစ်ပါတယ်။ ပရိုတိန်းအမျိုးအစားအားလုံးက ခန္ဓာကိုယ်ကို ကြွက်သားအသစ်တွေဖွဲ့စည်းဖို့ လိုအပ်တဲ့Amino Acid တွေကိုတည်ဆောက်ပေးပါတယ်။ တို့ဟူးကတော့ Vegan သမားတွေအတွက်တော့ မရှိမဖြစ်အစားစာတစ်ခုထဲမှာ ပါဝင်ပါတယ်။

နွားနို့

နွားနို့ကလည်း Amino Acid ပါဝင်တဲ့အတွက် လေ့ကျင့်ခန်းလုပ်ပြီးတိုင်းသောက်သင့်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ နွားနို့က Energy Drink တွေထက်ပိုပြီး ကြွက်သားတွေသန်မာစေနိုင်တဲ့အတွက် ခန္ဓာကိုယ်အတွက် ဖြည့်စွက်အရည်တစ်ခုဆိုလည်း မမှားပါဘူးနော်။

Photo Source – Free.pik