ဒီတစ်ခေါက်လက်သည်းဒီဇိုင်းမှာတော့ အစားတစ်လိုင်းဖြစ်တဲ့ Foodie လေးတွေအတွက် အစားအသောက်နဲ့ပတ်သက်တဲ့ ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရမ်းချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ Cup Cake တို့ Ice Cream တို့ ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းကို မဖြစ်မနေပုံဖော်ကြည့်နော်။

Foodie လေးတွေအတွက် အစားအသောက်အစုံပါတဲ့ လက်သည်းဒီဇိုင်းလေးပါ။ လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါပဲ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ချယ်ရီသီးလေးတွေတင်ထားတာက အသက်ပါပဲ။ ချယ်ရီသီးလေးတွေကြောင့် ထင်းပြီး ပိုပေါ်လွင်သွားတာပါ။ အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးဖြစ်လို့ ပုံဖော်ကြည့်နော်။

ဒါကတော့ စတော်ဘယ်ရီကြိုက်တဲ့ Foodie လေးတွေအတွက်ပါ။ ချစ်ဖို့ကောင်းတဲ့ဒီဇိုင်းလေးဖြစ်သလို လှလည်းလှပါတယ်။

အနီရဲရဲလေးတွေကြိုက်တယ်ဆိုရင်တော့ ဒီချယ်ရီသီး လက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ ရဲတောက်ပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

လက်သည်းရှည်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းကို ပုံဖော်လို့ရတယ်နော်။ ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါပဲ။

ကြက်ဥကြော်ကြိုက်တဲ့ ကောင်မလေးတွေကတော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်နော်။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒါကတော့ Pizza ကြိုက်တဲ့ ကောင်မလေးတွေအတွက် လက်သည်းဒီဇိုင်းလေးပါ။ ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါပဲ။ လက်ချောင်းတိုင်းကို Pizza ပုံလေးပဲ ပုံဖော်လည်း ချစ်ဖို့ကောင်းတာပဲနော်။

ရေခဲချောင်းကို ချစ်ဖို့ကောင်းအောင် ပုံဖော်ထားတာမို့ Foodie လေးတွေက ဒီလက်သည်းဒီဇိုင်းလေးကိုလည်း သဘောကျမယ်လို့ ထင်ပါတယ်။

အချိုကြိုက်တဲ့ Foodie လေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပါပဲ။

ဒါကတော့ ကော်ဖီကြိုက်တဲ့ ကောင်မလေးတွေအတွက် လက်သည်းဒီဇိုင်းလေးပါ။ အရောင်ကလည်း ကော်ဖီရောင်လေးမို့ ငြိမ်ပြီး အသားဆောင်ပါတယ်။