မိန်းကလေးတွေ ဆိုတာ အလှအပနဲ့ မကင်းနိုင်ကြသူတွေပါနော်။ မျက်နှာအလှပြင်ရတာ၊ အသားအရေထိန်းသိမ်းရတာ၊ ဆံပင်ထိန်းသိမ်းရတာ စတာနဲ့ အလုပ်တွေကိုရှုပ်နေတာပါပဲ။

အလှအပနဲ့ပတ်သက်ပြီး မိန်းကလေးတွေ နောက်ထပ်စိတ်ဝင်စားကြတာကတော့ လက်သည်းနီဆိုးတာပါ။ လက်သည်းနီကို အိမ်မှာဆိုးတာဖြစ်ဖြစ် ပိုက်ဆံအကုန်ခံပြီးတော့ ဆိုင်မှာသွားဆိုးတာဖြစ်ဖြစ် အချိန်ကုန်ခံပြီးတော့ကို လက်သည်းနီဆိုးကြပါတယ်။

ဆိုင်မှာ လက်သည်းနီသွားဆိုးတဲ့အခါမှာလည်း ဘယ်ပုံစံဆိုးချင်တာလည်း ဘယ်လိုမျိုးလေးတွေ သဘောကျလည်း အရောင်ရွေးတာ စတာတွေနဲ့ ရွေးချယ်မှုတွေ အများကြီးလုပ်ရပါတယ်နော်။

အခုတစ်ခေါက်မှာတော့ အစားအသောက်ချစ်သူ Foodie လေးတွေအတွက် Snack မျိုးစုံကို လက်သည်းနီဒီဇိုင်း ဆိုးလို့ရစေမယ့် လက်သည်းနီပုံစံလေးတွေကို ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။

ကိုယ်ကြိုက်တဲ့ပုံလေးတွေတွေ့ရင် တွေ့တုန်းလေး Save ထားလိုက်ပြီး ဆိုင်ရောက်တဲ့အခါ ဆိုးခိုင်းလိုက်နော်။

Image Source: Pinterest