Foundation လိမ်းတဲ့အခါမှာ အချိန်နည်းနည်းကြာလာရင် ချွေးတွေ၊ အဆီတွေနဲ့ရောပြီး လိမ်းထားတဲ့ Foundation တွေက Oxidising ဖြစ်သွားတတ်ပါတယ်။ Oxidising ဖြစ်သွားရင် လိမ်းထားတဲ့ မိတ်ကပ်တွေက မဲသွားပြီး မျက်နှာက မဲညစ်ညစ်ကြီး ဖြစ်သွားပါတယ်။ ဒါကြောင့် Foundation လိမ်းတဲ့အခါမှာ Oxidising ဖြစ်မသွားစေဖို့ ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Moisturizer လိမ်းပါ

မိတ်ကပ်မလိမ်းခင်မှာ Moisturizer လိမ်းပေးပါ။ ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ Moisturizer မျိုးကို ရွေးသုံးပေးဖို့ လိုပါတယ်။

Primer လိမ်းပါ

မိတ်ကပ်မလိမ်းခင်မှာ Primer ခံလိမ်းပေးဖို့မမေ့ပါနဲ့။ လိမ်းထားတဲ့မိတ်ကပ် Foundation တွေ Oxidising ဖြစ်သွားစေတဲ့ အဓိကအကြောင်းအရင်းကတော့ Primer မလိမ်းလို့ပါပဲ။ Primer လိမ်းပေးမှ မိတ်ကပ်သားပိုလှမယ်၊ မိတ်ကပ်သားကြာရှည်ခံမယ်၊ အချိန်ကြာလည်း မိတ်ကပ်တွေကွက်ပြီးမဲတာမျိုး မဖြစ်မှာပါ။

ဆီစုပ်စက္ကူဆောင်ထားပါ

အဆီအရမ်းပြန်တဲ့သူတွေကျတော့ ကိုယ့် Skin က ထွက်တဲ့ အဆီတွေကြောင့် Oxidising ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဆီစုပ်စက္ကူဆောင်ထားပြီး အဆီတွေပြန်လာတာနဲ့ သုတ်ပေးပါ။

Powder သုံးပါ

အဆီတွေကိုထိန်းပေးနိုင်ဖို့အတွက် မိတ်ကပ်လိမ်းပြီးရင် နောက်ဆုံးမှာ Powder ပုတ်ပေးပါ။ ဒီနည်းလမ်းကလည်း Oxidising ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

Oil Control Products

ပုံမှန်အသားအရေတွေအတွက်ကတော့ အဓိကက Primer သုံးပေးရင် Oxidising မဖြစ်ပါဘူး။ ဒါပေမယ့် အဆီအရမ်းပြန်တဲ့သူတွေအတွက်ကျတော့ Oil Control Products တွေကိုသုံးပေးမှ ပိုအဆင်ပြေပါမယ်။ Foundation ကအစ အဆီထိန်းပေးတဲ့ Oil Control ဖြစ်တာမျိုးကို ရွေးသုံးပေးရင်တော့ အချိန်ကြာလာလည်း Oxidising ဖြစ်ပြီး မဲသွားတာမျိုး မဖြစ်ပါဘူး။

လက်နဲ့မလိမ်းပါနဲ့

မိတ်ကပ်လိမ်းတဲ့အခါမှာ လက်နဲ့လိမ်းရင် မိတ်ကပ်တွေမညီပဲကွက်တာ၊ ရွေ့တာမျိုးဖြစ်ပြီး အချိန်ကြာရင် မဲသွားတတ်ပါတယ်။ ဒါကြောင့် Foundatin လိမ်းရင် လက်နဲ့မလိမ်းပါနဲ့။ Makeup Brush, Makeup Sponge စတာတွေနဲ့ သေချာလိမ်းပေးပါ။