ဗိုက်ချပ်ချပ်လေး လိုချင်ပါသလား။ ဗိုက်ချပ်ချပ်လေးရဖို့က လေ့ကျင့်ခန်းလုပ်တာနဲ့ အစားအစာ ဂရုစိုက်စားတာတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်ရပါမယ်။

ဗိုက်ချပ်ချပ်လေးရဖို့ တစ်ရက်တည်း၊ တစ်လတည်းနဲ့ မဖြစ်နိုင်ပါဘူး။ ရက်သတ္တပတ်ပေါင်းများစွာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေစားပါ

ဝမ်းဗိုက်ချပ်ချပ်လေးရရှိဖို့ ဟင်းသီးဟင်းရွက်တွေ နေ့တိုင်း စားသုံးသင့်ပါတယ်။ အဓိက စားသုံးသင့်တဲ့ အရွက်တွေက ကိုက်လန်ရွက်တို့ ဖြစ်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီကလည်း ဗိုက်ချပ်ချပ်လေးရဖို့ အကောင်းဆုံးပါဘဲ။ သံလွင်ဆီမှာ ပါဝင်တဲ့ Fatty အက်ဆစ်က ချရခက်တဲ့ အဆီတွေကိုလောင်ကျွမ်းစေပါတယ်။

အရွက်သုပ်လေးတွေကို သံလွင်ဆီနဲ့သုပ်ပြီး စားလို့ရပါတယ်။

ကညွှတ်

ကညွှတ်မှာ ဗီတာမင် A, B Complex, C နဲ့ E တို့ပါဝင်ပါတယ်။ အဲ့ဒီအပြင် ဇန့် နဲ့ ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါတွေက ခန္ဓာကိုယ်ထဲမှာ ပိုလျှံနေတဲ့ အရည်တွေကို ဖယ်ရှားပေးပြီး ဝမ်းဗိုက်ကို ချပ်ချပ်ရပ်ရပ်ဖြစ်စေပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ Antioxidants တွေက ရောင်ရမ်းတာတွေကို လျော့စေပြီး အရည်တွေ ပိုလျှံတာတွေကိုလည်း လျော့ပါးစေပါတယ်။

အဲ့ဒီအပြင် Leptin ဆိုတဲ့ ဓာတ်လည်းပါဝင်တာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးပြီး စိတ်ကျေနပ်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။