Eye-Shadow ဆိုတာက မိန်းကလေးတိုင်းရဲ့ မိတ်ကပ် အဆင့်တွေထဲ ပါဝင်တဲ့ အဆင့်ပါ။ မျက်လုံးခြယ်တာ​က လွယ်ကူတဲ့ နည်းလမ်းလို့ ပျိုမေအများစု သိထားကြပါတယ်။ ဒီလွယ်ကူတဲ့ Eye-Shadow ကိုပဲ အသုံးချကာ ညှို့ငင်အား ပြင်းတဲ့ မျက်လုံးလေး ရအောင်၊ မျက်နှာပြောင်းသွားအောင် ခြယ်နိုင်ပါတယ်။ ဒီထဲမှာတော့ Eye-Shadow ဝယ်တာက စပြီး ခြယ်တဲ့အဆင့် အထိ နည်းလမ်းတွေကို ဖော်ပြထားပါတယ်။

၁။ သင့်မျက်လုံး ပုံစံကို သိအောင်လုပ်ပါ

သင်က မျက်လုံးလှဖို့ Eye-Shadow ကပဲ အရေးကြီးတာလို့ သတ်မှတ်ထားသူဆိုရင် လွဲနေပါပြီ​။ ပညာရှင်တွေရဲ့ အဆိုအရ မျက်လုံးခြယ်တဲ့အခါ မျက်လုံးပုံစံ သိထားတာက ပိုထိရောက်နိုင်ကြောင်း ပြောပြထားပါတယ်။ ဒါကြောင့် သင့်မျက်လုံးပုံစံ ကို သိထားသင့်ပါတယ်။

၂။ မှန်ကန်တဲ့ Brush ကို ရွေးချယ်ပါ

မျက်လုံးခြယ်တဲ့အခါ လိုအပ်တဲ့ Brush တွေကို ဝယ်ထားသင့်ပါတယ်။ မျက်ခုံး အပြည့်ခြယ်ဖို့ Large Brush ကို လိုအပ်ပြီး ရောက်ဖို့ ခက်တဲ့ နေရာတွေအပေါ် Small Brush သုံးပေးရပါမယ်။ တိကျဖို့လိုတဲ့ နေရာတွေအတွက်တော့ Angled Brush ကို လိုအပ်ပါတယ်။ အရောင်တွေ Blend ဖြစ်ချင်ရင် Blending Brush ကို လိုအပ်ပါတယ်။

၃။ Primer စသုံးပါ

Primer ကို သုံးပေးမယ်ဆိုရင် Eye Makeup က လွယ်လွယ်နဲ့ မပျက်တော့ပါဘူး။ ဒါ့အပြင် Eye-Shadow ကိုလည်း နေရာတကျ ဖြစ်စေပါတယ်​။

၄။ Labeled ကပ်ထားတဲ့ Eye-Shadow မျိုး ဝယ်ပါ

ဘာပြီးရင် ဘာခြယ်ရမယ်ဆိုပြီး Labeled ကပ်ပေးထားတဲ့ Eye-Shadow တွေက အခုမှ Eye Makeup စခြယ်မယ့် ပျိုမေတို့အတွက် သင့်တော်ပါတယ်​။ Label ကြောင့် ဘယ်ကနေ စခြယ်ရမလဲ ပိုသိနိုင်ပါတယ်။

၅။ အရောင်တွေကို သေချာ Blend လုပ်ပါ

Eye-Shadow ခြယ်တဲ့အခါ အရေးကြီးတဲ့ အဆင့်ကတော့ Blend တဲ့ အဆင့်ပါ။ Blending Brush နဲ့ ခြယ်လိုက်တဲ့အခါ သဘာဝကျကျ လှနေစေပါတယ်။

၆။ မျက်လုံးအရင်ခြယ်ပါ

မိတ်ကပ်လိမ်းပြီးမှ မျက်လုံးခြယ်မယ်ဆိုရင် အမှုန်တွေ မျက်နှာပေါ် ပေနိုင်တာကို ခြယ်ဖူးသူ ပျိုမေတို့ သိပါတယ်။ ဒါကြောင့် မျက်ခုံးခြယ်တဲ့ အဆင့်ကို အရင်လုပ်သင့်ပါတယ်။

၇။ Setting Spray ဖြန်းပေးပါ

Makeup Setting Spray က Hairspray ဆံပင်ကို ထိန်းထားပေးသလို မိတ်ကပ်မျက်နှာပေါ် တာရှည်ခံအောင် ထိန်းပေးနိုင်ပါတယ်။ သင့် Eye Makeup ခံဖို့ Setting Spray ဖြန်းသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar